Chapter : 25

3.3K 393 4
                                    

Zawgyi

အခန်း ၂၅- ဘယ်လိုလွတ်မြောက်လာတာလဲ

Jennifer၏မျက်နှာသည် ဖြူဖျော့ပြီး ကြောက်လန့်တကြား မြေပြင်ပေါ်သို့ လဲကျသွားသည်။

လောလောဆယ်တွင် အစာကျွေးခန်းထဲတွင် သွေးစွန်းနေသော အလောင်း၃လောင်း ရှိနေသည်။

သွေးတွေဖုံးနေတဲ့ Maryအပြင် တခြားSnow Wolfနဲ့Siriusတို့လည်း ရှိတယ်။

Jenniferသည် တုန်လှုပ်ခြောက်ခြားကာ ဒေါသထွက်သွားသည်။ သူမ ချက်ချင်းထရပ်ပြီး တံခါးဝမှထွက်သွားသည်။ "မြန်မြန်! Darlingကိုခေါ်လိုက်။ တစ်ခုခု တစ်ခုခု ကြီးကြီးမားမား ဖြစ်သွားပြီ! Snow Wolfနဲ့Sirius အသတ်ခံလိုက်ရပြီ!"

အပြင်မှာ ပရမ်းပတာဖြစ်နေသည်။

နာရီဝက်အကြာတွင် Monroe Hallပြန်ရောက်လာသည်။

Jenniferသည် စိုးရိမ်တကြီးဖြင့် အပြင်သို့ လျှောက်သွားကာ Monroe Hall၏ရုပ်ကို သူမ မြင်လိုက်ရသောအခါ သူမသည် ချက်ချင်းပင် ခုန်ဖက်လိုက်သည်။ " Darling! ကြီးကြီးမားမား တစ်ခုခုဖြစ်သွားပြီ! ကျွန်မရောက်တာနဲ့အထဲမှာ ဒီလိုဖြစ်နေကို တွေ့လိုက်ရတာ။ အဲ့အခြေအနေမှာ ဘာလုပ်ရမှန်းမသိဘူး! ကံကောင်းထောက်မစွာ နောက်ဆုံးတော့ ရှင်ပြန်လာပြီ။"

Monroe Hallသည် မွေးမြူရေးခန်းထဲသို့ လျှောက်သွားသည်။ သွေးထွက်သံယို မြင်ကွင်းများကို မြင်ဖူးသော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် ထိတ်လန့်သွားမိသည်။

နံရံတွေနှင့်မြေပြင်တို့သည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။

သူ့အသက်ရှုလိုက်တိုင်း ဝင်လာတဲ့လေက သွေးနံ့တွေချည်း။ အခင်းဖြစ်ပွားရာနေရာရှိ တိုက်ပွဲခြေရာတွေနှင့် ရလဒ်အရ တိုက်ပွဲက အလွန်ပြင်းထန်ပုံရသည်။

သူချစ်သော အိမ်မွေးတိရစ္ဆာန်တွေ Snow Wolfနှင့်Siriusတို့က ယခုအချိန်တွင် မြေပြင်ပေါ်လဲနေသည်။ သူတို့သည် နောက်ဆုံးအသက်ငင်နေပုံရသည်။ သူတို့ အသက်ရှင်နေသေးသလား မသိ။

အခြားသွေးစွန်းနေသော လူ့ခန္ဓာကိုယ်...

Monroe Hallသည် လျှောက်လာခဲ့သည်။ Maryဖြစ်နေတာကို သူမြင်တဲ့အခါ သူ့အမူအရာက အေးစက်သွားသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now