Chapter : 174

1.1K 67 2
                                    

Zawgyi

အခန်း ၁၇၄-အမှန်တရား

Hughနှင့် Hermanသည် မကြာမီ ဟိုတယ်မှ ပြေးထွက်ပြီး တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသော Griffithကို ဖမ်းမိခဲ့သည်။

Griffithသည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ညီနှစ်ယောက်ကို ကြည့်ပြီး လုံးဝ မအံ့သြသလိုပင်။

သူ့နောက်ကလိုက်နေတဲ့ Maryကို တွေ့လိုက်သည်နှင့် သူ့အမူအရာ နည်းနည်း ပြောင်းသွားသည်။ "သူမက‌ရော ဘာလို့ဒီမှာရှိနေတာလဲ"

Hughက ဒေါသတကြီးနဲ့ "ငါတို့က မင်းကို ဒီလိုမေးရမှာ။ မင်းဘာလို့ဒီရောက်နေတာလဲ။ ငါတို့ကိုတွေ့တာနဲ့ ထွက်ပြေးတာက ဘာအဓိပ္ပာယ်လဲ။ မင်းဘာလုပ်နေလဲ?"

Mary Griffithကို ခေါင်းညိတ်ပြသော်လည်း Griffithက သူမကို လျစ်လျူရှုခဲ့သည်။

တောင်ကို လက်ညှိုးထိုးပြပြီး "ငါတို့တောင်ပေါ်ရောက်ရင် မင်းကို အဖြေပေးမယ်။"

သူ့စိတ်က လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ပိုင်းဖြတ်ထားပုံရတယ်။

သူတို့ငါးယောက် တောင်ပေါ်တက်သွားတယ်။

.

တောင်ပေါ်တက်ပြီးနောက် Griffithသည် မြက်ခင်းပြင်ရှိ အနီရောင်အပင်အချို့ကို လက်ညှိုးထိုးပြပြီး Hermanကို အေးတယ်။ "ဒါကို မင်းသိလား"

Hermanသည် ခဏတာ ကြည့်ရန် ထိုင်ချလိုက်ပြီး သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ "ဒါက အနီရောင်ရေညှိ! ဘာလို့ဒီမှာအနီရောင်ရေညှိတွေ အများကြီးရှိနေတာလဲ။ ငါသိပြီ! Karstenဟိုတယ်ရဲ့အပြင်ဘက်နံရံက အနီရောင်အစွန်းအထင်းတွေက အနီရောင်ရေညှိတွေ။ သွေးစွန်းနေတာ လုံးဝမဟုတ်ဘူး!"

Griffith ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါမမှားရင် ဒီအပင်ကို သေချာထုတ်လုပ်ပြီး စိတ်ကြွဆေးအဖြစ် သုံးနိုင်တယ်။ အများကြီး ရှူရှိုက်မိရင် ဒါမှမဟုတ် စားမိရင် အမြင်အာရုံ ချောက်ချားပြီး အကြားအာရုံလဲ ထင်ယောင်ထင်မှားတွေ ဖြစ်လာနိုင်တယ်။"

Mary နားလည်သွားသည်။ "ဒါဆို ဒီဟိုတယ်မှာ လူတွေမြင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ မနေ့ညက ကလေးတွေ ကစားနေတာကြားတယ်ဆိုတာက ဒီအပင်ကြောင့် ဖြစ်တာလား"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now