Chapter : 97

1.5K 180 1
                                    

Zawgyi

အခန်း ၉၇- ကျည်ဆန်ကိုထုတ်ခြင်း

Mary၏အိပ်ခန်းကို ယာယီခွဲစိတ်ခန်းအဖြစ် လုပ်လိုက်သည်။ ကိုယ်တိုင် ခွဲစိတ်ပေးမည့် အတွေ့အကြုံရှိ ဆရာဝန်တစ်ဦးအနေဖြင့် Monroeသည် သူ့ကိုယ်သူ ပိုးသတ်ခဲ့သည်။ Adelaနှင့် George၏ အလှည့်ဖြစ်သည်။

Maryလည်း ငိုက်နေပြီ။ Monroeက သူမကို နှိုးဖို့ ရောက်လာသည်။ "ဟေး baby? ထတော့။ ကိုယ်တို့ ကျည်ဆံကိုထုတ်ပြီး မင်းရဲ့ဒဏ်ရာကို ပတ်တီးစီးပေးမယ်။ ပြီးရင် ဒီည ဒီနေရာကနေ ထွက်သွားကြမယ်"

Maryက သွေးထွက်လွန်ပြီး မူးနောက်နေပြီ။ Monroe၏စကားကို သူမကြားသောအခါ သူမ ခေါင်းပဲညိတ်ပြနိုင်တယ်။

အခြေအနေတွေ ထပ်နှောင့်နှေးနေလို့မရတော့ဘူးလို့ Monroeက ခံစားမိတယ်။

Mary၏ခန္ဓာကိုယ်အပေါ်ပိုင်းကို စောင်ဖြင့် ပတ်ထားဆဲဖြစ်သည်။ Monroeသည် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှ စောင်ကို မတင်လိုက်သည်။

Adela နှင့် George သည် အခန်းထဲဝင်လာသည်။ ဖရိုဖရဲဖြစ်နေတဲ့ အခန်းနဲ့ ကုတင်ပေါ်က Maryကိုတွေ့လိုက်သောအခါ နှစ်ယောက်လုံး လန့်သွားကြသည်။

Adela ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေတယ်။

ဒါဟာ သူ့ရဲ့ငယ်ရွယ်ပြီး လှပပြီး ချစ်စရာကောင်းပြီး နှစ်လို့ဖွယ်ကောင်းတဲ့ Lady Maryလား။

သူမ၏မျက်နှာသည် ဒဏ်ရာများဖြင့်ပြည့်နေပြီး သူမ၏မူလရုပ်ကို ရှင်းရှင်းလင်းလင်းမမြင်ရတော့။

သူမ၏လှပသော ရွှေရောင်ဆံပင်များသည် ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေပြီး နေရာတိုင်းတွင် သွေးတွေပေနေသည်။ အိပ်ယာခင်းများနှင့် စောင်များပင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

Mary၏ရှည်လျားသော ခြေတံနှစ်ချောင်းကို ဖော်ထားပြီး သူမ၏ ဘယ်ဘက်ပေါင်သည် ဆိုးဆိုးရွားရွား ကျည်ထိထားကာ သွေးများ ရွှဲလျက် ရှိသည်။ အရင်က ပိုဆိုးတဲ့ မြင်ကွင်းတွေကို မြင်ဖူးတဲ့ လူသုံးယောက်တောင်မှ နောက်တခါမကြည့်ရဲဘူး။

ဒီဟာကတဆင့် Maryနဲ့Aaron တို့ကြားက ရန်ပွဲက ဘယ်လောက်ပြင်းထန်လဲဆိုတာကို တွေ့နိုင်တယ်။ အဲ့ဒါကို သူတို့က သတိတောင်မထားမိဘူး။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now