Chapter : 24

3.1K 361 5
                                    

Zawgyi

အခန်း ၂၄-သတ္တိ

Monroe Hall၏ဝါသနာက ဘယ်လိုကြီးလဲ။

ကျားသစ်နှင့်ဝံပုလွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတယ်။

တိရစ္ဆာန်ရုံဖွင့်မလို့လား။

Maryသည် သူမမျက်လုံးအမြင်မှားသွားတယ်လို့ ခံစားရသည်။

မျှော်လင့်ထားသည့်အတိုင်း ချမ်းသာတဲ့သူတွေ၏စိတ်ဝင်စားမှုက သာမန်လူတွေစိတ်ကူးထက် ကျော်လွန်နေတယ်။

အိမ်အကူက Maryကို အစိမ်းရောင် ခါးစည်းတစ်ထည်နှင့် အသားစိမ်းလှည်းတစ်စီး ယူဆောင်လာပေးသည်။

"မစ္စ အစာကို သူတို့အစာကျွေးတဲ့အပိုင်းထဲ ထည့်ပေးရမှာပါ"

Maryကငြင်းလိုက်တယ်။ "နင်တကယ် အဆင်ပြေမယ်လို့ ထင်လား။ သူတို့ကို ကျွေးဖို့ ပရော်ဖက်ရှင်နယ်တွေလိုတယ်လို့ ထင်တယ်မလား"

အိမ်အကူက ပါးစပ်ကို အုပ်ပြီး ရယ်မောရင်း "မစ္စက တကယ်ကို ကြောက်တတ်တာပဲ။ အိမ်မွေးတိရစ္ဆာန်နှစ်ကောင်ကို ဆရာက ယဉ်ပါးအောင် လုပ်ထားပါတယ်။ များသောအားဖြင့် လူတွေကို ကိုက်လေ့မရှိပါဘူး။"

Maryသည် လက်နှစ်ဖက်ပိုက်ပြီး ခါးစည်းကို မကိုင်ဘဲ သူမကို စိုက်ကြည့်နေသည်။

အိမ်အကူက သက်ပြင်းချလိုက်တယ်။ သူမသည် ခက်ရင်းခွဖြင့် အသားစိမ်းတစ်ပိုင်းကို ကောက်ယူပြီး ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ အသားက ကျောက်ကျင်းထဲကို ကျသွားတယ်။

ကျားသစ်နှင့် ဝံပုလွေတို့သည် အဲ့ဒီပေါ်ခုန်အုပ်ကြတယ်။သူတို့ကကိုက်ဖြတ်ပြီး မျိုချကြတယ်။

အစေခံက Maryကို ပြန်ကြည့်တယ်။ သူ့မျက်လုံးတွေက 'ကြည့်လေ ဒါကလွယ်ပါတယ်!' လို့ပြောနေတယ်။

Monroeဘာတွေလုပ်နေတယ်ဆိုတာ Maryနားမလည်ဘူး။ သူမသတ္တိကို သူစမ်းသပ်နေတာလား။

ဒါမှမဟုတ် သူတကယ်ပဲ သူ့အိမ်မွေးတိရစ္ဆာန်တွေ သူမနဲ့ပိုရင်းနှီးလာတာကို မြင်ချင်တာလား။

"ကောင်းပြီ။ ဒါပေမယ့် နင်ငါနဲ့နေရမယ်။" ဒီအိမ်ဖော်က နည်းနည်းထူးဆန်းတယ်လို့ Mary ခံစားမိတုန်းပဲ။ ဒါကြောင့် သူမကို စောင့်ကြပ်ဖို့ လုံးဝလက်မလွှတ်ပေးဘူး။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now