Chapter : 39

2.7K 311 2
                                    

Zawgyi

အခန်း ၃၉- ငါနဲ့အိမ်ပြန်လိုက်ခဲ့

Hughမျက်လုံးများ တစ်ဖန် ပြူးကျယ်လာပြန်သည်။

Hermanပါးစပ်ထောင့်များသည် မှုန်မှိုင်းသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ Hughသည် မိန်းကလေးတစ်ယောက်ရှေ့တွင် မည်သည့်အရာမှ အသာစီးမရတာကို သူပထမဆုံးမြင်ဖူးတာပဲ။

တစ်ကမ္ဘာလုံးမှာ Hughကို ဒီလိုမျိုးdissရဲတဲ့သူတွေ အများကြီးရှိမှာ မဟုတ်ဘူး ဟုတ်တယ်မလား။

Hermanက "Monroeက ငါတို့ကိုခေါ်ပြီး မင်းပျောက်နေတယ်လို့ ပြောခဲ့တယ်။ သူက စိုးရိမ်လို့ ဥရောပမှာ ခုန်ပေါက်နေပြီ။ New Yorkမှာ မိုးရွာနေမှန်းတောင် သိတယ်။ ငါတို့ကို မြန်မြန်ထွက်ပြီး မင်းကိုရှာဖို့ ပြောခဲ့တာ!"

Mary ရုတ်တရက် ထိတ်လန့်သွားတယ်။

New Yorkမြို့ရှိ Hallမိသားစု၏အင်အားသည် တကယ်ကို ကြောက်စရာကောင်းသည်။

သူမသည် တစ်နာရီမျှသာ လွတ်မြောက်ခဲ့ပြီး သူမကို ရှာတွေ့နေပြီဖြစ်သည်။

Maryဟာ စကားမပြောတဲ့အတွက် ရှက်ရွံ့နေတယ်လို့ Hughက ထင်ခဲ့ပြီး သူက Hermanရဲ့စကားတွေကို ဆက်ပြောခဲ့တယ် "တကယ်တော့ မင်းကဒီမှာ အိပ်နေတယ်။ ရေချိုးပြီးတောင် ထမင်းစားနေတယ်။ မင်းက ရက်စက်တဲ့ မိန်းမပဲ။ မင်းမှာ နှလုံးသားရှိလား"

Hughသည် ဒီမိန်းကလေးအပေါ် Monroe၏ဆက်ဆံပုံပြောင်းလဲတာက ဒီမိန်းကလေး၏ပုံစံအမှန်ကို မမြင်သေးလို့ဟု သူ့ကိုယ်သူပြောခဲ့သည်။

တကယ်တော့ သူမဟာ တစ်ကိုယ်ကောင်းဆန်ပြီး မိုက်မဲတဲ့ မိန်းကလေးတစ်ယောက်ပါ။

Maryက ချက်ချင်းပြန်ပြောလိုက်တယ်။ "မှန်တယ်၊ ငါက ရက်စက်တယ်၊ ငါကဆိုးတယ်၊ ငါကတစ်ကိုယ်ကောင်းဆန်တယ်၊ ငါက နှလုံးသားမဲ့တယ်။ ကောင်းပြီ၊ မင်းအတည်ပြုပြီးပြီ၊ အမှန်တရားကိုတွေ့ပြီ၊ မင်း ငါ့ကိုအနှောက်အယှက်နေတာ ရပ်ပေးနိုင်မလား။"

Maryစိတ်အခြေနေမှာလည်း ဆိုးရွားနေသည်။

Hugh၏ပါးစပ်သည် အံ့အားသင့်စွာဟသွားသည်။ လူတစ်ယောက်က သူတို့ကိုသူတို့ ရှင်းရှင်းလင်းလင်းနားလည်နေသည်ကို သူဘယ်တုန်းကမှ မသိခဲ့။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now