Chapter : 95

1.5K 180 2
                                    

Zawgyi

အခန်း ၉၅- တောင်းပန်ပါတယ်

Aaronသည် သူ့သေနတ်နဲ့ Maryကို ချိန်လိုက်သည်။

သူတို့က 12လွှာမှာ။ အောက်တွင် ရေကြီးပြီး ရေစီးသန်နေသောကြောင့် ပြုတ်ကျပါက မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။

Aaronသည် Maryနှင့်အတူ သေချင်သည်။

Maryသည် ခေါင်းကို မော့ကာ မိုးကို ရင်ဆိုင်သည်။ သူမ မျက်လုံးများကို အဆက်မပြတ် မျက်တောင်ခတ်ရင်း Monroeကို ဝမ်းနည်းနေသော်လည်း လှပသောအပြုံး ပြုံးပြလိုက်သည်။

"ဟေး ကျွန်မ ရှင့်ကိုမပြောသေးဘူး...တကယ်တော့ ရှင့်ကိုအရမ်းကြိုက်တယ်"

"ကျွန်မ တကယ်ကို ရှင့်ရည်းစားဖြစ်ချင်တယ်။ ဒါပေမယ့်... အခွင့်အရေးက မကျန်တော့ဘူးလို့ ထင်ရတယ်။ တောင်းပန်ပါတယ် တကယ်ဆို ကျွန်မ..."

Monroe၏မျက်လုံးများ နီရဲလာကာ ဒေါသတကြီး ဟောက်လိုက်သည်။ "ဒီအချိန်မှာ မင်းစကား နားမထောင်ချင်ဘူး! အရှုံးပေးလိုက်ပြီလား မင်းအသက်ရှင်ကျန်ရစ်ရမယ်!"

Monroeသည် သူ့လက်ကိုဆန့်ကာ Maryအောက်က Aaronကို သေနတ်နဲ့ချိန်ရန် ကြိုးစားသည်။

သို့သော် မှောင်မိုက်သောညတွင် Maryကို မတော်တဆထိခိုက်မိမည်ကို ပို၍ကြောက်သည်။

Maryကိုထိသွားရင် သေချာပေါက် သူမကို လက်လွှတ်လိုက်ရလိမ့်မယ်။

Monroe၏ဘဝတွင် ပထမဆုံးအကြိမ် သူ့သားကောင်ကို ပစ်သတ်ရန် သတ္တိမရှိခဲ့။

ပစ်ဖို့ မဝံ့မရဲဖြစ်ခဲ့တာ ဒါပထမဆုံးအကြိမ်လည်း ဖြစ်တယ်။

ဒီမြင်ကွင်းကို Aaronမြင်လိုက်ရတော့ ရုတ်တရက် သေဖို့ အလျင်စလို မဖြစ်တော့ဘူး။

သူသည် ဘယ်ညာ ရမ်းကာ ရံဖန်ရံခါ Mary၏ဒဏ်ရာရနေသော ခြေထောက်ကို ညှစ်သည်။

ဒဏ်ရာကနာကျင်မှုကြောင့် Mary တုန်နေသော်လည်း Monroe Hallသည် အချိန်အတော်ကြာအောင် မပစ်နိုင်ခဲ့သဖြင့် Aaronက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ထင်ထားတဲ့အတိုင်း Monroe Hall မင်း ဒီမိန်းမကို ချစ်မိသွားပြီ!"

"ဒီလောကမှာ လူတစ်ယောက်က ဘယ်လောက်ပဲ အာဏာကြီးပါစေ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လာရင် သူရဲဘောကြောင်ပြီး ပျော့ညံ့သူ ဖြစ်လာကြတာ။ Monroe Hall... မင်း တကယ် အသုံးမကျဘူး။ ငါ မင်းကို နှစ်အတော်ကြာအောင် တိုက်ခဲ့တာ ငါမသေခင် မင်းရင်ဘတ်ပေါ်မှာ အမာရွတ်ကြီးကို ထွင်းထုနိုင်ခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဘယ်လောက်ဝမ်းသာစရာကောင်းလိုက်လဲ!" Aaronသည် စိတ်လှုပ်ရှားစွာ ရယ်မောသော်လည်း Mary၏မျက်နှာမှာ မည်းမှောင်သွားသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now