Chapter : 138

958 77 1
                                    

Zawgyi

အခန်း ၁၃၈-တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် သတ်ပစ်ခြင်း!

လက်နက်က သူမဆီ ထပ်ခါထပ်ခါ လာနေသည်။

ခုအချိန်တွင် Maryသည် ရုတ်တရက် လက်နက်၏ရှုထောင့်သို့ ခုန်လိုက်သည်။ သူမသည် ခုန်ပြီး အနက်ရောင်လူကို လှည့်ပတ်ပြီးပြေးလိုက်သည်။

အနက်ရောင်လူသည် သံလုံးနှင့် သံကြိုးကို သူမလည်ပင်းမှာ ပတ်ရန် လက်နှစ်ဖက်နဲ့ ကိုင်လိုက်တယ်။

Maryသည် သူမလက်ထဲက ဓားနှစ်ချောင်းနဲ့ လက်နက်ကို ပတ်လိုက်သည်။ သူမ၏လက်ကောက်ဝတ်ကို လှည့်လိုက်တော့ အနက်ရောင်လူ၏လည်ပင်းတွင် သံကြိုးက ရစ်ပတ်သွားသည်။

အနက်ရောင်လူသည် ပြင်းထန်စွာရုန်းကန်ပြီး သံကြိုးတစ်လျှောက်ရှိ သံလုံးအား ထိလိုက်သည်။ သူသည် သံလုံးကို ကိုင်ပြီး ခုခံရန် ကြိုးစားသည်။ Maryသည် သံလုံးက သူမစီ လာသည်ကို မြင်သောအခါ ဒေါသတကြီးအော်လိုက်သည်။

Maryသည် နောက်ပြန် ကျွမ်းထိုးပြီး မြေပေါ်သို့ လဲကျသွားသည်။

သို့သော် သူမ၏လက်ထဲတွင်ရှိသော ဓားကို မလွှတ်ချေ။

Maryက ဓားကို ဆွဲထုတ်ပြီး နောက်ပြန်ဆုတ်သွားတယ်။ လည်ပင်းမှာ ရစ်ပတ်ခံထားရသည့် အနက်ရောင်လူက မြေပြင်ပေါ် လဲကျသွားသည်။

သံလုံးက သူ့ခန္ဓာကိုယ်ပေါ် ပြင်းထန်စွာ ကျသွားသည်။

Maryက "ရှင် ဘယ်သူလဲ?! ဘာကြောင့် လူတွေကို သတ်ခဲ့တာလဲ? အညံ့ခံမလား မခံဖူးလား!"

သူမသည် မေးခွန်းသုံးခုကို တခါထဲမေးခဲ့သော်လည်း အဖြေမရခဲ့။

အနက်ရောင်လူ၏လက်သည် ကန်ထားသောသေနတ်ကို ထိလိုက်သည်။ သေနတ်ကို တုန်တုန်ယင်ယင်နဲ့ ကိုင်မြှောက်ပြီး ပြန်တိုက်ဖို့ ကြိုးစားလိုက်သည်။

ချက်ချင်းပဲ Maryက တွန့်ဆုတ်တွေးတောမနေဘူး။ သူမသည် သူမ၏ဓါးကို ဆွဲထုတ်လိုက်သည်။ တစ်ဖက်လူက မောင်းခလုတ် မနှိပ်ခင် သူမ၏ဓားက အနက်ရောင်လူရဲ့ လည်ပင်းကို ဖြတ်ပြီးသွားပြီ။

"Pu-" သွေးတွေက အမိုးထိ ရေပန်းလို ပန်းထွက်လာတယ်။

Maryက မြေပြင်ပေါ်ထိုင်ချပြီး ဓါးပေါ်ကသွေးတွေကို ငေးကြည့်နေသည်။ သွေးတွေက သူမမျက်နှာပေါ် ကျလာတာကို ခံစားရတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now