Chapter : 73

1.9K 216 7
                                    

Zawgyi

အခန်း ၇၃ - အခန်းနံပါတ် ၁၂၀၀

ဟိုတယ်တွင် တည်းခိုသူအများစုသည် ၎င်းတို့နှစ်ဦးကို ပြန်ခေါ်လာသည့်အတွက် Maryကို မထီမဲ့မြင်ပြုလာကာ သူမ၏လုပ်ရပ်အတွက် အပြစ်တင်ကြသည်။

Maryက နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း ဒေါသထွက်တော့မယ့်ချိန်မှာ သူမနောက်မှာရှိတဲ့ ကောင်မလေးက ညင်သာစွာ ဆွဲလာသည်။

"မစ္စ အဆင်ပြေပါတယ်။ အဖွားနဲ့ ကျွန်မ ချက်ချင်း ထွက်သွားပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်"

ကောင်မလေးရဲ့ရင့်ကျက်မှုက Maryကို နည်းနည်း အံ့အားသင့်စေခဲ့သည်။ ထို့နောက် သူမသည် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်သာ ရှိသေးသည့် မိန်းကလေး၏အသွင်အပြင်ကို ကြည့်လိုက်တော့ သူမသည် အလွန်လှပနေသည်။

သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် အထက်တန်းစားပညာရေးကို ခံယူထားသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်ကြောင်း ပြောနိုင်သည်။

သို့သော် ထိုကဲ့သို့သောကလေးက ရေကြီးတဲ့ထဲ ဘယ်လိုမျောပါလာတာလဲ။

ကောင်မလေးက သူ့အဖွားကို ခေါ်ပြီး ထွက်သွားတော့မယ်ချိန်မှာ Maryက တားလိုက်တယ်။

"ခဏလေး!"

ကောင်မလေးက Maryကို မယုံနိုင်လောက်အောင် အံ့သြတကြီး ကြည့်လာတယ်။ သူမအကျပ်ရိုက်နေတာကို သူတို့ကို ဆက်ကူညီမလို့လား။

"ငါ မင်းကို ကယ်တင်ပြီးတည်းက မင်း အပြင်ထွက်ပြီး ရေထဲမျောပါသွားမယ့် အန္တရာယ်ကို ခွင့်မပြုဘူး။ အနည်းဆုံးတော့ မင်း မထွက်သွားခင် မင်းမိသားစုက လာခေါ်လာတဲ့အထိ မင်းစောင့်ရမယ်!"

Maryသည် ဒီမိန်းကလေးတွင် အားကောင်းသော မိသားစုနောက်ခံရှိမည် သို့မဟုတ် အနည်းဆုံး သူမသည် သာမန်မိသားစုမှမဟုတ်ကြောင်း သေချာပြောနိုင်သည်။

ဒီလိုမိသားစုမျိုးက သားသမီးနဲ့ မိဘကို ပျောက်သွားရင် မကြာခင်မှာ သူမကို သေချာပေါက် ရှာကြလိမ့်မယ်။

"ဒါပေမယ့် မစ္စ..."

ကောင်မလေးသည် သူမနှင့် သူမ၏အဖွားအပေါ် မကျေမနပ်ဖြစ်နေသော Mary၏နောက်ကွယ်မှ လူများကို စိတ်ပူစွာ ကြည့်လိုက်သည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now