Chapter : 118

1.7K 160 5
                                    

Zawgyi

အခန်း ၁၁၈- လူရွှင်တော်

Jessicaနှင့် Ianတို့၏မျက်နှာသည် အနီနဲ့အဖြူ တစ်လှည့်စီဖြစ်နေသည်။

အထူးသဖြင့်Jessica။ ဒီချောမောတဲ့ယောက်ျားလေးနှစ်ယောက်ဟာ ပြောရခက်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ အရင်က Maryကိုတောင် သနားကြသေးတယ်?!

Mary သူတို့ကိုလိမ်နေတာလို့ သူတို့မထင်ဖူးလား။

ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အတိတ်ကို သူမ ဘယ်လို သည်းခံနိုင်မလဲ...

"Hallမိသားစု? အဲ့ဒါ ငါထင်နေတဲ့Hall မိသားစုလား?" Kaylaသည် Jessica၏ တစ်ဖက်သက်စိတ်ကူးကို ရုတ်တရက် အနှောင့်အယှက်ပေးလိုက်သည်။

Maryခေါင်းညိတ်လိုက်သည်။ "ဒါဟာ နင်ထင်တဲ့ Hallမိသားစုပဲ။ ငါ သူတို့ကို နင်တို့နဲ့ မမိတ်ဆက်ပေးရသေးဘူး။ ဒီနှစ်ယောက်က ငါ့အစ်ကိုတွေ"

Kaylaက အရမ်း စိတ်လှုပ်ရှားနေတဲ့အတွက် သူမဟာ ခုန်ပေါက်မိတော့လို ဖြစ်သွားခဲ့သည်။ "Oh my god! ဒါဟာHall Groupရဲ့Hallမိသားစုပဲ။ Hall Familyမှာ မယားပါသမီးရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တယ်။ နင်လို့ မထင်ခဲ့ဘူး။

"ငါ့မိသားစုက အဲဒီညကပွဲကို တက်ရောက်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့မယားပါသမီးဟာ အရမ်းလှတယ်ဆိုတဲ့ သတင်းတော့ကြားခဲ့ရတယ်။ အဲ့လူက တကယ်တော့ နင်ဖြစ်နေတာပဲ"

"Mary ...င.ါ. ငါအရမ်းပျော်တယ်!"

နောက်ဆုံးတွင် Jessica၏မျက်နှာသည် ဖြူဖျော့သွားသည်။ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?! နင်က ထမင်းဝယ်စားဖို့တောင် ဆင်းရဲတယ်လေ။ ဘယ်လိုလုပ်ပြီး နင်က Hallမိသားစုရဲ့အမွေခံ ဖြစ်လာနိုင်တာလဲ?"

Maryသည် သက်ပြင်းချလိုက်ပြီး wheelchairကိုကိုင်ပြီး မတ်တပ်ရပ်ခဲ့သည်။ "Jessica နင့်လှည့်ကွက်တွေက အရမ်းမိုက်ရူးရဲဆန်တာပဲ။"

Jessica တုန်နေတဲ့လက်နဲ့ Maryကို လက်ညှိုးထိုးလိုက်တယ်။ "နင် နင့်ခြေထောက် ..."

Maryက ခြေလှမ်းနှစ်လှမ်း လှမ်းပြီး ရုတ်တရက် ပြန်ထိုင်လိုက်သည်။ သူမသည် သူမ၏ခေါင်းကိုစောင်းပြီး ပြုံးလိုက်သည်။ "ဟုတ်တယ်။ ငါလုံးဝမသန်စွမ်းတော့ဘူး။ နင် စိတ်ပျက်သွားလား?"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now