Chapter : 66

1.8K 206 0
                                    

Zawgyi

အခန်း ၆၆ - သူမက သူ့ညီမ

Monroe သူ့မသိစိတ်လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားပြီး သူ့နှလုံးသားလဲ တုန်လှုပ်သွားခဲ့သည်။

သူ့ညီမကို သူဘာလုပ်မိတော့မလို့လဲ။ သူ ဘာလုပ်လုနီးပါးလဲ...? နမ်းတော့မလို့...သူမကို...?

သူမသည် အလွန်လှပသည်ဟု သူတွေးမိပြီး အဲ့ဒါက လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

ဘုရားရေ...!

ဒါက မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး!

Maryသည် နတ်သမီးလေးတစ်ပါးဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပို၍ နှစ်သက်လာသော်လည်း သူမအပေါ် ချစ်ခင်ကြင်နာတဲ့ခံစားချက်များဖြင့် စည်းကို မဖြတ်သင့်ပေ။

သူမက သူ့ညီမ။ ဒါပဲ သူမက သူ့ညီမပဲ။

Monroe စကားတစ်ခွန်းမှ မပြောတော့ဘူး။ မှုန်ကုပ်ကုပ် မျက်နှာဖြင့် လှည့်ကာ ထပြီး အဝေးသို့ ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားသည်။

Maryသည် ခေါင်းလှည့်ကာ ထိတ်လန့်တကြားဖြင့် ရင်ဘတ်ကို အုပ်လိုက်သည်။

သူမသည် အရင်က သံယောဇဉ်ရှိခဲ့ဖူးသည်။ Monroeချဉ်းကပ်ပုံက ဘာကိုဆိုလိုသည်ကို သူမ ဘာလို့ မသိရမှာလဲ။

ထို့ကြောင့် သူမသည် အချိန်နှင့်တပြေးညီ သိရှိသွားခဲ့သည်။

Monroeက သူမကို တကယ်နမ်းရင် ဘယ်လောက်ဆိုးရွားလိမ့်မယ်ဆိုတာ Maryတွေးကြည့်လို့ မရဘူး...

အချိန်အတော်ကြာပြီးနောက် ဆံပင်ကျစ်ဆံမြီးကျစ်ထားတဲ့ အမျိုးသားက သူမကိုလာခေါ်တယ် "မစ္စ သူတို့ ပြန်လာပြီ!"

Maryထ၍ ထိုသူ၏အမည်ကိုမေးရန် သွားသည်။ သူ့နာမည်က Adelaဖြစ်ပြီး Maryကို သဘောကျတဲ့ တက်တူးထိုးထားတဲ့သူကို Jimလို့ခေါ်တယ်။

Maryသည် ပိုးတောင်မာကားကို ပြန်မောင်းလာသည်ကို ကြည့်နေသည်။

Jimက "သူတို့ကို ကားနဲ့လဲလှယ်ဖို့ ပိုက်ဆံပေးလိုက်တယ်။ ဟီးဟီး ဒါပေမယ့် ငွေညှစ်ခြင်းတစ်မျိုးပဲ။ ဒီကားက မင်းအတွက်ပဲ Miss Mary!"

Raging Flame Groupမှလူတိုင်းသည် ငွေမလောက်ငှတာမျိုးမရှိသောကြောင့် ပိုးတောင်မာကားကို ဝယ်ရန် မခက်ပါ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now