Chapter : 164

839 62 3
                                    

Zawgyi

အခန်း ၁၆၄- အရေးပေါ်ဆိုတာကို သိလား။

Maryက သူ့အဝတ်အစားတွေကို ဆွဲကိုင်လိုက်ပြီး "ရှင် စိတ်မဆိုးတော့ဘူးမလား" ဟု ဂရုတစိုက် မေးသည်။

အခုပဲ တိုက်ပွဲပြီးတော့ Monroe စိတ်မတိုတော့ဘူး။

Maryကို ဆိုဖာပေါ်မတင်ပြီး ထိုင်လိုက်တယ်။ ထုံးစံအတိုင်း သူမကို သူ့ပေါင်ပေါ်တင်ပြီး သူမလက်နှစ်ဖက်ကို ကိုင်ထားသည်။

"ဘာပြောရမလဲ မင်းကို ကိုဘာမှမပြောနိုင်ဘူး!"

ဒါပေမယ့် သူတွေးကြည့်တော့ တော်တော် စိုးရိမ်သွားသည်။

သူမ သွားမဲ့လမ်းတိုင်းက သူနဲ့ပဲ ဖြစ်ရမယ်။ သူ့တစ်သက်လုံး အကူအညီမဲ့တော့မှာလား။

Maryက "ဒါကို ရှင့်ကို တမင် ဖုံးကွယ်မထားချင်ဘူး။ ဒါဟာ တကယ်....မစ်ရှင်တစ်ခု။ ရှင်နားလည်တယ်မလား?"

Monroe မျက်ခုံးပင့်လိုက်သည်။ "နောက်ထပ် မစ်ရှင်ရှိသေးတာလား? မင်း Hughကို မင်းနဲ့လိုက်ဖို့ လှည့်စားခဲ့တာလား။"

အဲဒါကို တွေးကြည့်တဲ့အခါ ရယ်စရာကောင်းတယ်။ Maryက Hughကို စွန့်စားခန်းတစ်ခု သွားစေချင်ခဲ့တာ။ သူက ဆုငွေငါးဆယ်ငါးဆယ်ကို သူမနှင့်ပင် ခွဲချင်သည်။ နောက်ဆုံးတော့ Hermanလည်း သွားချင်ခဲ့တယ်။ သူမသည် Monroeကို အကြောင်းပြောပြသည်။

"ရယ်စရာအကောင်းဆုံးကတော့ Hermanက ဒေါ်လာ 250,000လိုချင်တယ်တဲ့။ ဒါဆို Hughက ပိုက်ဆံရမှာ မဟုတ်တော့ဘူး။ ဟား ဟား ရယ်ရလွန်းလို့ သေတော့မယ်။"

Maryက ရယ်မောသော်လည်း Monroe၏လက်သည် သူမ၏အတွင်းခံဘောင်းဘီထဲသို့ ရောက်နေပြီဖြစ်သည်။

သူမတုန်သွားတာနှင့် သူမ၏ ရင်သားများလည်း လှုပ်ခါသွားသည်။ တကယ့်ကို ကောင်းတယ်။

Monroeက သူ့လက်ကို ရိုက်ပြီး သူ့ကို စိုက်ကြည့်နေတယ်။ "ဒါက Hughအိမ်နော်!"

Monroeက "အွန်း သိတယ်"

Monroeသည် သူ့လက်ကို ပုံမှန်တိုင်း ဝှေ့ယမ်းလိုက်ရာ ကော်ဖီစားပွဲပေါ်ရှိ ခွက်သည် မြေပြင်ပေါ်သို့ ကျကွဲသွားသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now