Chapter : 117

1.3K 137 1
                                    

Zawgyi

အခန်း ၁၁၇- မနာလိုခြင်း

Jessicaက Kaylaက သူမကို တမင်တကာ ဆွဲခဲ့တာလို့ခံစားရပြီး ဒေါသအမျက် ထွက်ခဲ့သည်။ "ငါကမနာလိုတာ?! Kayla နင်ဘာစကားပြောတာလဲ။

"ဒီလူနှစ်ယောက်ကို Maryလှည့်စားတာ မခံရစေချင်လို့ ငါတို့ကျောင်းမှာ သူမဘယ်လိုပုံပေါက်ခဲ့ဖူးတယ်ဆိုတာ ဘယ်သူမှမသိခဲ့ဘူး။

"သူမ အရမ်းဆင်းရဲလွန်းလို့ စားဖို့တောင်မတတ်နိုင်ဘူး။ ဖိနပ်တစ်ရံကို နှစ်နှစ်လုံး ဝတ်ခဲ့ပြီး တစ်နေ့ကို အလုပ်လေးခု လုပ်ခဲ့တယ်။ နွေရာသီအားလပ်ရက်မှာ သူမက မွေးမြူရေးခြံထဲ သွားပြီး နို့ညှစ်ခဲ့ရတယ်လို့ ငါကြားခဲ့တာ။ ပြီးတော့ မြေဆွခဲ့ရတာတဲ့!

"သူမ ဒီနေရာကိုရောက်ဖို့ လှည့်ကွက်သာ မသုံးခဲ့ရင် ဒီနေ့ သူမနှင့်အတူ ချောတဲ့ယောက်ျားနှစ်ဦးအပြင် ဒီလိုဆိုင်ကို ဘယ်လိုလုပ်လာနိုင်မှာလဲ!"

Jessica Maryကို ကဲ့ရဲ့ရှုတ်ချဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ Maryက မကောင်းတဲ့လမ်းပေါ်ရောက်နေသလို သူမပြောခဲ့သည်။

သူမသည် Maryကို ဒီချောမောသောလူနှစ်ဦး ရှေ့တွင် မိမိကိုယ်ကို အရူးလုပ်စေလိုသည်။

သူမသည် Maryအတိတ်က မည်သို့ဖြစ်ခဲ့ကြောင်း သူတို့အား အသိပေးချင်သည်။

သူမက ဒီချောမောတဲ့ယောက်ျားနှစ်ယောက်နဲ့ ဘယ်လိုသိတာလဲ?

Jessicaက သူမရဲ့စိတ်ထဲက သူမ(Mary)ကို ဒီနေရာမှာ စွန့်ပစ်လိုက်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါမှ သူမ(Jessica) နေလို့ကောင်းသွားမှာ။

ဘယ်သူက သူမကို ဒီလိုလှတဲ့ပုံစံ ပြောင်းဖို့ မေးလို့လဲ။

ပြီးတော့ သူမဝတ်ထားတာက အထက်တန်းစားတွေအတွက် လုပ်ထားတဲ့ အဝတ်စားပဲ။ သူမ အဲ့ဒါကို မဂ္ဂဇင်းတွေမှာ မရေမတွက်နိုင်အောင် ဖတ်ဖူးတယ်။

၎င်းသည် Mary၏ခန္ဓာကိုယ်ပေါ်က ဒေါ်လာထောင်ပေါင်းများစွာတန်သော ဝတ်စုံဖြစ်သည်။ Jessicaက Maryနဲ့ထိုက်တန်တယ်လို့ မထင်ဘူး။

Kaylaသည် Jessicaကို စိတ်ရှုပ်တဲ့အမူရာဖြင့် ကြည့်လိုက်သည်။

Jessicaဟာ Maryရဲ့အမူရာကို သတိမပြုမိဘဲ သူမ ပြောခဲ့တယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now