Chapter : 31

3.5K 339 2
                                    

Zawgyi

အခန်း ၃၁- ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်။

Maryကနာကျင်စွာနဲ့ ညသန်းခေါင်မှာ နိုးလာတယ်။

သူမရင်ဘတ်ကို စက်ဖြင့် ဖိထားသလို ခံစားရသည်။ လှည့်မရ မှောက်မရ၊ အသက်ရှူမရနဲ့။

နံနက်နှစ်နာရီတွင် ရဲတိုက်တစ်ခုလုံး တိတ်ဆိတ်နေ၏။

Maryသည် နံရံကိုကိုင်ပြီး Monroe Hall၏အခန်းကို ရှာဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။

သူမ တံခါးခေါက်လိုက်သောအခါတွင် နိုးလာရလို့ဒေါသထွက်နေတဲ့ Monroe Hall၏မျက်နှာကို တွေ့လိုက်ရသည်။

သူမ ချွေးတွေ အများကြီးနေပြီး မျက်နှာက နာကျင်မှုကြောင့်ဖြူနေသည်။ သူမ ရင်ဘတ်ကို ဖုံးကာ သူဒေါသမထွက်မီ ရှင်းပြခဲ့သည်။ "ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ရှင့်ရဲ့အိပ်မက်လှလှလေးတွေကို မနှောင့်ယှက်ချင်ပေမဲ့ ကျွန်မအရမ်းနာနေလို့.."

Monroe Hall၏အမူအရာအနည်းငယ်ပြောင်းသွားသည်။ Maryကို ချက်ချင်း ပွေ့ချီပြီး ထွက်လာခဲ့တယ်။

"အရူးမ ငါ့ကိုဘာလို့မခေါ်တာလဲ။ ဘာကြောင့် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်လာတာလဲ။ မင်းရဲ့တံခါးကိုစောင့်ခိုင်းထားတဲ့ အစေခံတွေ ဘယ်မှာလဲ"

Maryသည် အသက်ပြင်းပြင်းရှူလိုက်သည်။ "သူတို့ကို ကျွန်မသွားခိုင်းလိုက်တာ။ အဆင်ပြေမယ်ထင်လို့... ဒါ့ပြင် ရှင်ကဖုန်းနံပါတ်လဲမပေးထားဘူး..."

Mary အနည်းငယ်မှားသွားသလို ခံစားလိုက်ရပြီး Monroe၏စိတ်ခံစားချက်သည် ရုတ်တရက် ပို၍တုန်လှုပ်သွားခဲ့သည်။

အတန်ကြာအောင် သည်းခံပြီးနောက် အသံကို လျှော့လိုက်သည်။ "ကောင်းပြီ၊ မင်းကို Hermanရဲ့ဆေးရုံကို ချက်ခြင်းပို့မယ်။ တစ်ယောက်ယောက်! ရဟတ်ယာဉ် စီစဉ်လိုက်။"

Maryဟာ ရဟတ်ယာဉ်နဲ့ ဆေးရုံကို သွားခဲ့ရတာ ပထမဆုံးအကြိမ်ပဲ။

သူမသည် Monroe Hall၏လက်မောင်းထဲတွင် မူးနောက်ပြီး အိပ်နေသည်။ သူမသည် အလွန်ထုံနေသောကြောင့် ဘာမှမခံစားရပေ။

သို့သော် သူမတခု နားလည်လိုက်သည်။ ဒီအဖြစ်အပျက်ပြီးနောက် Monroeက Siriusကိုသတ်ပြီး Snow Wolfကို ပြင်းထန်စွာဒဏ်ရာရစေခဲ့တဲ့အတွက် သူမကို အပြစ်မတင်ဘဲ သူမအပေါ်ထားတဲ့ သူ့ရဲ့သဘောထားက တကယ်ကို တိုးတက်လာခဲ့တယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now