Chapter : 113

1.3K 136 2
                                    

Zawgyi

အခန်း ၁၁၃- မကောင်းတဲ့နည်းစနစ်

Maryသည် သူမ၏အရက်ကို တိတ်တဆိတ် သောက်နေသည်။ Hugh ပြောတဲ့စကားကို သူမကြားတဲ့အခါ သူမကတွေးလိုက်တယ် "နင့်(Hugh)ထက် ကြွက်သားဗလတွေ ပိုရှိဖို့က လွယ်ကူမနေဘူးလား"

Maryက သူမရဲ့ဗလကို တိတ်တဆိတ်နဲ့ ထိလိုက်တယ်။ သူမသည် Hughထက် ပိုဗလရှိသည်။

Monroeက Mary၏ဘယ်ဘက်တွင်ထိုင်နေသည်။ သူမက ခဏလေးနဲ့ ပင်မှည့်သီးဖျော်ရည်တစ်ခွက် ကုန်သွားတာကို မြင်လိုက်ရတော့ အလွန်အကျွံသောက်မိပြီး အစာစားချင်စိတ်ပျက်သွားမှာကို သူစိုးရိမ်ပြီး နောက်တစ်ခွက်ကို အဝေးတွန်းလိုက်တယ်။

Hughက Monroeကို စိုက်ကြည့်နေတော့ Maryလည်း ခေတ္တရပ်တန့်သွားသည်။

သူ့လုပ်ရပ်ကြောင့် အရမ်းသိသာသွားပြီး Hugh သံသယဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမသည် Monroeကို တိတ်တဆိတ် သတိပေးသလို စိုက်ကြည့်လိုက်သည်။

မထင်မှတ်ပဲ Hughက "မင်း အရမ်းကပ်စီးကုပ်တာပဲ။ ငါတို့ရဲ့ အဖိုးတန်ညီမလေးက အရမ်းဆင်းရဲတာကို မင်းမသိဘူးလား။ သူမကို နောက်ထပ်တစ်ခွက် ပေးသောက်လိုက်တော့ ဘာဖြစ်သွားမှာမလို့လဲ"

Monroeကပြန်မေးလိုက်တယ် "...သူမက ဘယ်တုန်းက မင်းရဲ့အဖိုးတန်ညီမ ဖြစ်သွားတာလဲ။ တစ်ချိန်က တစ်ယောက်ယောက်က ငါ သူမကို အသိအမှတ်ပြုလို့ ငါ့ကိုတောင် သစ္စာဖောက်လို့ ခေါ်ခဲ့တာ မှတ်မိသေးတယ်!"

Hughသည် ရှက်ရွံခြင်းကို လုံးဝမသိ။ မာန်မာန အပြည့်နှင့် "အဲ့ညက Rock Townမှာ မင်းကို ကူညီပေးဖို့ထိ ရဲရင့်လို့ သူမက ငါ့ညီမဖြစ်ခွင့်ရှိတယ်လို့ တွေးလိုက်တယ်။ ငါက အဲ့လောက် နှလုံးသားမရှိတဲ့လူလား"

Monroeသည် Maryကို သေချာကြည့်နေသည်။ အဲဒီညက သူတို့ကို နောက်ကြောင်းပြန်လှည့်ဖို့ သူမ အတင်းအကြပ် မလုပ်ရင် သူတို့ အသက်ရှင်မှာ မဟုတ်ဘူး။

Maryသည် Monroe၏ချစ်စဖွယ်အကြည့်များကို ရှောင်ရှားရန် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။

Hugh သတိမထားမိဘဲ နပန်းကလပ်အကြောင်း ထပ်မေးတယ်။

နောက်ဆုံးတွင် Monroeက သူ့ကို အဖြေပေးခဲ့သည်။ "ငါပေးတဲ့လစာက များနေသရွေ့ ဒီမှာ အလုပ်လာလုပ်ချင်တဲ့ လူတွေ ရှိနေမှာ။ ဒါက မရိုးရှင်းဘူးလား?"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now