Chapter : 44

2.6K 287 9
                                    

Zawgyi

အခန်း ၄၄: ချို့ယွင်းချက်များ

Hermanက သူ့ကို တားလိုက်တယ်။ "မင်း သူမကို အနိုင်ကျင့်လို့ မရဘူး။"

Hughက ရှက်ရွံ့စွာအော်ရင်း "လင်းနို့လို သူမကို ငါကရိုက်လို့မရဘူး! ငါတစ်ချက်ရိုက်ရုံနဲ့ သူမ မေ့သွားမယ်လို့ မင်းထင်လား"

Hermanက သက်ပြင်းချလိုက်ပြီး "Hugh မင်း သူ့ကို တကယ်အနိုင်ကျင့်လို့မရဘူး"

Hughဒေါသတကြီးဖြင့် သူ့ခြေထောက်ကို နင်းလိုက်သည်။ "ငါက မင်းရဲ့အစ်ကိုရင်းနော်။ အခု မင်းတို့အားလုံးက တခြားမျိုးရိုးအမည်ရှိသူ ဘက်လိုက်နေကြပြီမဟုတ်လား! Herman ငါ မင်းကို ခန့်မှန်းတာမှားသွားတယ်!"

Herman ကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။ "ဒါဆို မင်းသွားလို့ရတယ်။ ဒါပေမယ့် Maryက ကိုယ်ခံပညာ တတ်တယ်ဆိုတာ မမေ့နဲ့။ သူမက Siriusကိုသတ်ပြီး Snow Wolfကိုတောင် ဒဏ်ရာရစေခဲ့တာနော်။"

Hughသည် Maryဘက်သို့လှည့်နေသော သူ့ခြေထောက်ကို ချက်ချင်းပြန်ဆုတ်လိုက်သည်။

လှည့်ပြီး Hermanရဲ့ရွက်ဖျင်တဲကိုဖွင့်ပြီး ဝင်သွားတယ်။ "Dianaအတွက် ဒီစက်ဆုပ်ရွံရှာစရာကောင်းတဲ့ မိန်းကလေးကို ငါ ခွင့်လွှတ်လိုက်မယ်!"

Hermanသည် ကောင်းကင်ကို မော့ကြည့်ကာ စကားမပြောဘဲ သူ့ရွက်ဖျင်တဲဆီသို့ ပြန်သွားသည်။

နှစ်နာရီလောက်ကြာတော့ သူတို့ ပြန်ခရီးဆက်ကြတယ်။

ရှည်လျားသောခရီးကြောင့် လူတိုင်းသည် အနည်းငယ်ပင်ပန်းနေသည်ဟု Mary ခံစားရသည်။

သူမက Monroeကိုမေးလိုက်တယ် "ကျွန်မမှတ်မိတာက ရှင့်မှာ ရဟတ်ယာဉ်ရှိလားလို့။"

Monroeသည် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ "ငါကအမြင့်ကြောက်တယ်။ ငါပါနေသရွေ့ ငါတို့ ခရီးသွားတဲ့အခါ ကုန်းလမ်းကိုပဲ ရွေးလို့ရမယ်။"

Monroeမှာ ချို့ယွင်းချက်တွေ အများကြီးရှိနေမယ်လို့ Mary တစ်ခါမှ မတွေးဖူးဘူး။

သို့သော် လေးနာရီကြာ ကားမောင်းရသည်မှာ ပင်ပန်းသော်လည်း ကံကောင်းစွာဖြင့် လမ်းခရီးတွင် ခေတ္တနားခဲ့သောကြောင့် မမှောင်ခင် ရှုခင်းသာဧရိယာကို ရောက်ခဲ့သည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now