Chapter : 152

880 76 2
                                    

Zawgyi

အခန်း ၁၅၂- ရန်ဖြစ်ထားတာလား?

တစ်နာရီကြာပြီးနောက် လျှို့ဝှက်ဝန်ဆောင်မှုသည် Groupထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး Monroe၏သဘောတူညီချက်ဖြင့် Kalovaကို ခေါ်သွားခဲ့သည်။

Avra Greenနဲ့ သူမ၏သားကို အာဖရိကသို့ ပို့ဆောင်ရန် Monroeမှ စီစဉ်ပေးခဲ့သည်။

Hugh နိုးလာတော့ ညရှစ်နာရီမထိုးသေး။ သူ့ကို Maryနဲ့ Monroeတို့က ရဲတိုက်ကို ပြန်ခေါ်သွားခဲ့တယ်။

Hughက ဘာဖြစ်သွားမှန်းမသိဘူး။ သူနိုးလာသောအခါ ဗိုက်ဆာနေပြီဟု အော်ကာ ဘာကြောင့် ဒီလောက်ကြာကြာ တစ်ရေးတစ်မော အိပ်နေရတာလဲဟု တွေးမိသည်။

ထမင်းစားပွဲရောက်တော့ Maryက ငြိမ်ငြိမ်လေး စားနေတယ်။

Monroeသည်လည်း ဆိတ်ဆိတ်နေသည်။

Hughက ဘယ်ညာ ကြည့်ပြီး "မင်းတို့ ရန်ဖြစ်ထားတာလား။ ထူးဆန်းလိုက်တာ.. မင်းတို့နှစ်ယောက် ရင်းနှီးနေတာမဟုတ်လား? ဘယ်လိုလုပ် ပြဿနာရှိနိုင်မလဲ။ ဟ!"

Maryသည် သူမ၏ဇွန်းကို ကိုက်ကာ Monroeကို ကြည့်လိုက်သည်။ Monroeက သူမကို မကြည့်ဘူး။

Mary ချောင်းနည်းနည်း ဆိုးကာ။ "ရန်မဖြစ်ဖူး! မနက်ဖြန် မင်းရဲ့နေရာကို ငါရွှေ့မှာမလို့ Monroeက ငါနဲ့အတူ မခွဲနိုင်လို့!"

Hughက "Monroe ဒါကမင်းရဲ့အမှားပဲ! ဒါက ဖေဖေနဲ့Dianaတို့ စီစဉ်ထားတဲ့ မစ်ရှင်လေ။ ငါတို့ သေချာ လိုက်နာရမယ်။ အကျိုးဆက်က ဘာလဲဆိုတာ မင်းမသိဘူးလား?"

Maryက "မင်းက အဲဒါကိုမလိုက်နာဘူးဆိုရင် မင်းမိသားစုရဲ့ပစ္စည်းတွေကိုမရဘူး ..."

Hughက "မင်းလိုချင်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် Henryက ကျိန်းသေလုပ်လိမ့်မယ်။ မင်းမလိုချင်ရင်တောင်မှ သူက မင်းနာမည်အောက် ထားမှာပဲ။ ဒါပေမယ့် မင်း လုံးဝ စုံစမ်းနှောင့်ယှက်ခြင်း မခံရဘူးလား။ Hallမိသားစုမှာ ငွေအများကြီးရှိတယ်။ မင်း အဲ့ဒါအားလုံးကို တစ်သက်လုံး ဖြုန်းမကုန်နိုင်ဖူး။"

Maryက "လူတွေဟာ တစ်သက်လုံးပဲ အသက်ရှင်ကြတာလား။ ငါသေရင် ဘာလို့ ဒီလောက် ငွေအများကြီး လိုအပ်မှာလဲ။ ဒါ့အပြင် မနေ့က ငါ့ကို Monroeကူညီပေးခဲ့တဲ့ နိုင်ခဲ့တဲ့ သန်းနဲ့ချီတဲ့ ပိုက်ဆံတွေနဲ့ဆို ဘဝတစ်လျှောက်လုံး ဇိမ်ခံပြီး နေလို့ရပြီ!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now