Chapter : 101

1.4K 165 1
                                    

Zawgyi

အခန်း ၁၀၁- New Yorkသို့ပြန်ရောက်ခြင်း

သုံးရက်အကြာ နောက်ဆုံးတော့ Mary ဆေးရုံဆင်းရပြီ။

မျက်နှာပေါ်ရှိ ဒဏ်ရာများသည် အများအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီး ပတ်တီးစည်းထားဆဲဖြစ်သော သူမ၏ခြေထောက်က ဒဏ်ရာများသာ အပြည့်အဝ ပျောက်ကင်းရန် အချိန်လိုအပ်သည်။

Maryရဲ့ခြေထောက်က ဒဏ်ရာကြောင့် ဆေးရုံက ဆင်းလာချိန်မှာ Hughက သူမတွက် wheelchair ယူလာခဲ့တယ်။

အားလုံး ထုပ်ပိုးပြီးတာနဲ့ သူတို့သုံးယောက် Londonကို ပြန်ဖို့ ပြင်ဆင်ကြတယ်။

Hughက လေယာဉ်မစီးချင်တဲ့အတွက် သူတို့သုံးယောက် ကားနဲ့သွားဖို့ပဲ ရွေးချယ်ခဲ့ရတယ်။

Hughသည် မောင်းသူဘေးထိုင်ခုံတွင်ထိုင်ကာ Hermanက ကားမောင်းပြီး Maryသည် အနောက်က ကျယ်ဝန်းသောထိုင်ခုံကို သိမ်းပိုက်လိုက်သည်။

မြို့မှ ထွက်လာသောအခါ Maryသည် ပြတင်းပေါက်အပြင်ကို ကြည့်နေသည်။

Philadelphiaသည် မီးတောင်ပေါက်ကွဲမှုကြောင့် လုံးဝမထိခိုက်ဘဲ ယခင်အတိုင်း ကြွယ်ဝချမ်းသာနေဆဲဖြစ်သည်။

Warren Cityနဲ့မတူဖူး။ နောက်ဆုံးတွင် မိုးတိတ်သွားပြီး ကယ်ဆယ်ရေးအဖွဲ့သည် မြို့လယ်ဧရိယာကို ကူညီရန် အဖွဲ့ဝင်များကို ခွဲဝေပေးခဲ့သော်လည်း Warren Cityတွင် ဆုံးရှုံးမှုများနှင့် သေဆုံးမှုများသည် မရေမတွက်နိုင်သော ကိန်းဂဏန်းများဖြစ်နေသည်။

Hearthအမျိုးသားဥယျာဉ် လုံးဝ ပျက်စီးသွားပြီ။

အနီးနားရှိ မြို့များတွင်လည်း အသက်ရှင် ကျန်ရစ်သူ မရှိပေ။

ထို့အပြင် ငလျင်၏နောက်ဆက်တွဲ သက်ရောက်မှုမှာ ပိုပြင်းထန်သည်။

မိုးနှင့်ရေကြီးမှုဒဏ်ကို Warren Cityတစ်ခုတည်းသာ ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။

ဒါတွေက ဒီရက်ပိုင်း ဆေးရုံမှာ နေရင်း Maryရလာတဲ့ အချက်အလက်တွေ အားလုံးပဲ။

စခရင်ပေါ်က ပုံတွေကို ကြည့်ပြီး အခု သက်တောင့်သက်သာနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ခုံပေါ်မှာ လဲလျောင်းနေရင်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က အတွေ့အကြုံတွေက တကယ်ကို အိပ်မက်တစ်ခုလိုပဲလို့ ရုတ်တရက် သဘောပေါက်သွားတယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now