Chapter : 110

1.8K 191 6
                                    

Zawgyi

အခန်း ၁၁၀: ကိုယ့်ကောင်မလေး

"ဟမ်!" သူမ၏မျက်နှာ ချက်ချင်း အနီရောင်ပြောင်းသွားသည်။

"ကျွန်မက ကျွန်မခြေထောက်အကြောင်းပြောနေတာ! ကျွန်မရင်သားတွေကို အမျိုးသမီးသူနာပြုများနှင့် အစေခံတွေက ဂရုစိုက်တယ်။ သူတို့ကို ရှင် ကြည့်လို့မရဖူး!"

သူမသည် အဖြူရောင်ဇာဘရာစီယာကို ဝတ်ဆင်ထားသည်။ သူမသည် ရှက်ပြီး စိတ်တိုနေသည်။ ယခုအချိန်တွင် သူမ၏မျက်နှာသည် ပန်းရောင်ဖြစ်နေတာ သိသာနေသည်။

သူမ၏ပါးစပ်လေးက နီရဲနေပြီး ပါးပြင်သည် ပန်းရောင်သန်းနေသည်။

Maryက တကယ်ကို လှတယ်။

Monroe၏လည်စိသည် အပေါ်အောက် ရွေ့နေပြီး အနီးအနားက သစ်သီးပန်းကန်ထဲမှ စတော်ဘယ်ရီကိုယူလိုက်ပြီး Maryနှုတ်ခမ်းပေါ်သို့ တင်လိုက်သည်။

Maryက သူမရဲ့ပါးစပ်ကိုဖွင့်ပြီး စားလိုက်တယ်။

"ရေး! စတော်ဘယ်ရီပဲ!" သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံး ပေါ်လာသည်။

Monroeသည် အနီရောင်ချယ်ရီသီးကြီးတစ်လုံးကို ကောက်ယူပြီး Mary၏နှုတ်ခမ်းပေါ်သို့ တင်လိုက်သည်။

Maryက ပါးစပ်ကိုဖွင့်ပြီး ထပ်စားပြီး နာမည်ကို ခန့်မှန်းတယ်။ "ဒါက ချယ်ရီပဲ!"

Monroeက လက်ဆန့်ပြီး နှုတ်ခမ်းနားက အရည်တွေကို သုတ်လိုက်ပြီး Mary ထွေးထုတ်လိုက်တဲ့ အသီးအူတိုင်ကို ဖမ်းလိုက်တယ်။

Monroe ခေါင်းငုံ့လိုက်သည်။

Mary မမြင်ရတာကြောင့် အသီးအနှံလို့ ထင်ခဲ့တယ်။ Monroeက နောက်ဆုံးမှာတော့ လူတွေက သူ့ကို နမ်းချင်စိတ်ဖြစ်အောင်လုပ်တဲ့ သူမရဲ့ နီစွေးနေတဲ့နှုတ်ခမ်းကို နမ်းလိုက်တယ်။

တစ်စက္ကန့်လောက် ထိတ်လန့်သွားပြီးနောက် Maryက အနမ်းကို လက်ခံလိုက်တယ်။

သူသည် သူမ၏လျှာဖျားကို သူ့နှုတ်ခမ်းထဲဆွဲကာ သူမ၏ပါးစပ်ထဲသို့ တွန်းထည့်လိုက်သည်။

စတော်ဘယ်ရီ၏ရနံ့နှင့် ချယ်ရီသီး၏ချိုမြိန်မှုတို့သည် သူမပါးစပ်ထဲတွင် ရှိနေသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now