Chapter : 33

3.2K 373 3
                                    

Zawgyi

အခန်း၃၃-Jayce's Villaသို့ပြောင်းခြင်း

Maryက နည်းနည်းကြောက်သွားတယ်။ Jayceက သူမလျှို့ဝှက်ထားတဲ့အထောက်ထားကို တွေ့တော့မည်ဟု သူမ ခံစားမိသည်။

"ကျွန်မ...ဒါတွေက ဒီတိုင်းဖြစ်သွားတာပါ..."

Jayceက သူမကို ခဏလောက် စိုက်ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ပြုံးလိုက်တယ်။ "မျှော်လင့်ထားသလိုပဲ မင်းက ကလေးပဲလေ။ မင်းတကယ်ပဲ အချစ်ဇာတ်လမ်းတွေကို ယုံတယ်ပေါ့။"

Maryက ဆိုဖာပေါ်မှာ စာအုပ်ဖတ်နေတာကြောင့် သူမမျက်နှာမှာ နီရဲနေသည်။ တကယ်တော့ သူပြောခဲ့တာက ပညာသားပါတယ်။ အဲ့ဒါက အချစ်ဇာတ်လမ်း သက်သက်မဟုတ်၊ အချစ်အက်ရှင်ဇာတ်ကားတစ်ကားပဲ။

စာအုပ်အသေးစိတ်အချက်များက သူမဖတ်လိုက်တိုင်း ရှက်သွားပြီး နှလုံးခုန်မြန်စေသည်။ သူမ မရပ်နိုင်ဖူး...

သူသည် ထိုကဲ့သို့သော ညစ်ညမ်းစာအုပ်ရဲ့အကြောင်းအရာကို တကယ်မြင်သွားခဲ့သည်။ Maryက ဒါကို တွေးပြီး သေချင်သွားတယ်။

"ဒါကို Adeleက ပေးခဲ့တာ!"

တံခါးဖွင့်ပြီး Maryအတွက် မနက်စာ ယူလာခဲ့တဲ့ Adeleဟာ ခေါင်းထဲမှာ??တွေနဲ့ ပြည့်နေတယ်။

'မစ္စ ရှင်ကစာအုပ်ဝယ်ဖို့ အမျိုးစားမသတ်မှတ်ပေးလိုက်ဖူးလေ' Adeleက အိုးကိုသယ်လာရင်း တိတ်တိတ်လေး တွေးလိုက်တယ်။

Maryက အရမ်းရှက်နေတာကြောင့် ပေါက်ကွဲတော့မယ်လို့ ခံစားရတယ်။

"အဖျားရှိတာလား။ ဘာလို့ဒီမှာနည်းနည်းပူနေတာလဲ" Jayceသည် Mary၏နီရဲနေသော ပါးပြင်များကို ရုတ်တရက် ထိလိုက်သည်။

Maryသည် ခေါင်းကိုလှည့်ကာ "ကျွန်မအဆင်ပြေပါတယ်။ ကျွန်မကိုလာတွေ့တာကျေးဇူးတင်ပါတယ်။" ဆိုပြီးကိုးရို့ကားရားနဲ့ပြောလိုက်တယ်။

Jayceက သူမခေါင်းကို ညင်သာစွာ ထိလိုက်သည်။ "နာနေသေးလား? မင်းအစ်ကိုရဲ့ ဆေးပညာအရည်အချင်းကို ငါယုံကြည်တယ်။ မင်းမှာ ပြဿနာတစ်ခုခုရှိနေရင် အဲဒါကို ဖုံးမထားနဲ့။ သူ့ကိုပြောပြလိုက်။ သူတို့ ကူညီဖြေရှင်းပေးလိမ့်မယ်။"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now