Chapter : 98

1.7K 222 6
                                    


Zawgyi

အခန်း ၉၈- ဒုတိယအစ်ကိုက ကြယ်တစ်လုံးလိုပေါ်လာတယ်

မျက်စိတမှိတ်အတွင်းမှာပဲ လွန်ခဲ့သည့် ရက်အနည်းငယ်က အိပ်မက်တစ်ခုလို ထင်ရပြီး ယခုတော့ သူမနိုးလာပြီ။

"အယ်? နိုးပြီလား?"

သူနာပြုဆရာမလေး၏မျက်နှာသည် နီးကပ်လာသည်။ Mary မျက်လုံးဖွင့်လာတာတွေ့လိုက်တော့ သူမမျက်နှာမှာ အံ့သြတဲ့အပြုံးတစ်ခု ပေါ်လာတယ်။

သိပ်မကြာခင်မှာပဲ အခန်းထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပြည့်သွားတယ်။

Maryသည် သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးနေသော ဦးဆောင်သူအား ကြည့်ကာ ရင်းနှီးနေတယ်လိုခံစားရသည်။

"Herman?"

သူမ ပါးစပ်ကိုဖွင့်ပြီး နာမည်ကို ခက်ခက်ခဲခဲ ပြောလိုက်သည်။

သူမ အိပ်မက်မက်နေတာလား? သူမဘာလို့ Hermanကိုမြင်နေရတာလဲ။

Hermanက သူမကို ဘာအမူရာမှမပြဘဲ ကြည့်နေသည်။ "နိုးနေပြီပဲ"

Mary: "ငါ အိပ်နေတာ ကြာပြီလား"

Herman ခေါင်းညိတ်သည်။ "နှစ်ရက်" ရှိပြီ။

Mary အံ့သြသွားတယ်။ "အဲ့လောက်အကြာကြီးလား!? အခုNew Yorkကိုပြန်ရောက်နေတာလား"

ဖြစ်နိုင်ပါ့မလား။ သူမ အိပ်ပျော်နေချိန်မှာ New Yorkကို ပြန်ရောက်သွားခဲ့တယ်။ ဒီလောက်လွယ်ပါ့မလား?

Hermanက သူမကို အချိန်အကြာကြီး စိုက်ကြည့်ရင်း "သူတို့ ဖြေလိမ့်မယ်။ ငါသူတို့ကို အထဲခေါ်လိုက်မယ်!"

Hermanက လှည့်ပြီး ဆရာဝန်နဲ့ သူနာပြုအဖွဲ့ကို ဦးဆောင်ထွက်သွားခဲ့တယ်။

Hermanသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေပုံပေါ်ကြောင်း Maryခံစားခဲ့ရသည်။

တစ်ခုခုဖြစ်ခဲ့တာလား။

ခဏအကြာတွင် လူအနည်းငယ်သည် အခန်းထဲကို အတူတူ ဝင်လာကြသည်။

Maryက Monroeနဲ့ Raging Flame Groupက တခြားသူတွေလို့ ထင်ခဲ့တာ သူတို့အစား Hall ညီအစ်ကိုလေးယောက်ကို တွေ့ရလိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now