201

1.4K 54 1
                                    

Chapter 201: ကလေးများကိုအနိုင်ကျင့်ခြင်း

မကောင်းဆိုးဝါးဝိညာဉ်များ ထိုက်ဝူဓားအရှိန်အဝါကို ခံစားမိသော် နောက်ကိုတန်းပြန်ဆုတ်သွားကြသည်။ အစာငတ်နေသော လူအုပ်တစ်စု ညစာထမင်းစားပွဲကို အပြေးသွားလှပ်ပြီး အုပ်ဆောင်းအောက်တွင် ချီးပုံတစ်ခု တွေ့လိုက်ရသလိုပင်။

ဇူအန် ဘာဖြစ်သွားလဲ မသိသော်ငြား တစ္ဆေများက သရဲတွေ့သလို လန့်ပြေးသွားတာ ကြည့်၍ ယုံကြည်မှု ပြည့်လာသည်။

သေလွန်ဝိညာဉ်ဟု နာမည်တပ်လိုက်သော်လည်း သူတို့တွင် ဒြပ်ရှိပြီး သံချပ်ကာများပါ ဝတ်ထားသေးသည်။ မသေခင်တည်းက ဝတ်ထားသော အဝတ်များဖြစ်နိုင်ပြီး ထို့ကြောင့်လည်း ဖုတ်ကောင်တပ်သားမျ အမြန်ကျရှုံးရခြင်းဖြစ်မည်။

သို့သော် သူတို့ခုခံမှုက ထိုက်ဝူဓားရှေ့တွင် အချည်းနှီးပင်။ ဇူအန် သူတို့ကိုယ်ကို အလွယ်တကူ ခုတ်ဖြတ်နိုင်လေသည်။

ရွှမ်း…ရွှမ်း…ရွှမ်း

အခုတ်ခံရသော ဝိညာဉ်များ အပြာရောင်အမှုန်များအဖြစ် ပြောင်းသွားသောကြောင့်ထိပ်လန့်တကြား အော်နေကြသည်။ ထွက်ပေါ်လာသော ရှေးဟောင်းကီတစ်ချို့ကို ထိုက်ဝူဓားက စုတ်ယူလိုက်ပြီး တစ်ချို့က ဇူအန်ကိုယ်ထဲ ဝင်ရောက်လာကြသည်။

မိန်လိ၏ သိပ်မကြာပါဘူး ဆိုတာ ဇူအန် နားလည်လိုက်သည်။ အများစုက ဇူအန်နှင့် အဆင့်တူပြီး ခေါင်းဆောင်တစ်ချို့ဆို ပို၍ပင် အားကောင်းသေးသည်။ သို့သော် မည်မျှ အားကောင်းပါစေ ဇူအန် တစ်ချက်တည်းနှင့် အပြတ်ခုတ်နိုင်နေသည်။
သတ်ဖြတ်ခြင်းထက် ဇူအန်ငယ်ငယ်က ကစားဖူးသော ပူဖောင်းဖောက်ဂိမ်းမျိုးဖြစ်နေသည်။ သူ့ဓားနှင့် ထိမိသော ဝိညာဉ်တိုင်း ချက်ချင်း ပျောက်ကွယ်သွားကြသည်။

ချူချူယန်က ရှေ့တက်ရန် ကူရန်ပြင်လိုက်သော်လည်း မကြာမီ အပိုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဇူအန်က မကောင်းဆိုးဝါးဝိညာဉ်များကို အမဲလိုက်နေသလိုပင်။
အစပိုင်းတွင် ဝိညာဉ်များ ရေကန်မှ ထွက်လာခြင်းဖြစ်ပြီး ဇူအန်လက်ချက်ကြောင့် ရေကန်ထဲ ပြန်ခုန်ဆင်းကာ ခိုလှုံကြသည်။
ဝိညာဉ်အမြောက်အများ ရေကန်ထဲ စုပြုံနေပြီး မထွက်လာရဲတော့ပေ။ သို့သော် ပြန်ချိတ်မပိတ်ခံချင်၍ တို့လို့တန်းလန်း ဖြစ်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now