336

162 21 0
                                    

Chapter 336: ခြုံခိုတိုက်ခြင်း

သူ့အမူအရာပြောင်းလဲမှုကြောင့် ဇူအန် အံ့သြသွားသည်။
"အဲ့တာက ဘာလဲ"

ရှို့ဟုန်လေ အနည်းငယ် တွေဝေပြီး ပြောလာသည်။
"အားဇူ ရှင်တကယ်ပဲ တစ်သက်လုံး ချူအိမ်မှာ နေတော့မှာလား"

ဇူအန် ရယ်လိုက်သည်။
"ကျုပ်က အဲ့လောက် သတ္တိမရှိတော့ တစ်သက်လုံး မှီခိုနေရမယ် ထင်တာပဲ"

ရှို့ဟုန်လေ သက်ပြင်းချလိုက်သည်။
"သခင်လေးက အရည်အချင်းရှိတဲ့သူပါ။ ဘာလို့ ဒီလို နှိမ့်ချရတာလဲ။ ပြီးတော့ ရှင်တကယ် မိန်းမနားကပ်စားချင်ရင် ချူအိမ်အပြင် တစ်ခြားရွေးချယ်စရာတွေ ရှိနေသေးတာပဲ"

ဇူအန် မနေနိုင်ဘဲ ရယ်လိုက်သည်။
"ဒါဆို မင်းဆီကို လာလို့ရလား"

ရှို့ဟုန်လေ ပါးတွင် နီစွေးလာသည်။
"အချိန်မရွေး ကြိုဆိုပါတယ်"

ဇူအန် သက်ပြင်းချလိုက်သည်။
"ကျုပ်က အတော်လေး လောဘကြီးတဲ့လူဗျ။ ကျုပ်က ဖြစ်နိုင်ရင် လူတိုင်းကို ခိုစားချင်တာ"

ရှို့ဟုန်လေ တစ်ချက်ကြောင်သွားပြီးမှ ရေရွတ်လိုက်သည်။
"ဒီလို ညစ်ညမ်းတဲ့အတွေးတွေကို ရှင်ကလွဲပြီး ဘယ်သူကများ ဒီလောက်ကြားကောင်းအောင် ပြောနိုင်ဦးမလဲ"

ဇူအန် ပြောလာသည်။
"ကျုပ်က အဲ့ဒီ ကြောင်သူတော်တွေထက် ပိုရိုးသားတယ်လို့တော့ ပြောနိုင်တယ်"

ရှို့ဟုန်လေ ပြုံးလိုက်ပြီး
"ကောင်းပြီလေ။ ဒါဆိုလည်း လက်ရှိကိစ္စကိုပြောကြတာပေါ့။ မကြာခင် ချူအိမ်အဆုံးသတ်တော့မယ်ဆိုတဲ့ သတင်းရထားတယ်။ မိတ်ဆွေတစ်ယောက်အနေနဲ့ ဒီမြုပ်တော့မယ့် လှေပေါ်က ရုန်းထွက်ပါလို့ အကြံပေးချင်တယ်"

ဇူအန်ခေါင်းထဲ အချက်ပေးသံများ မြည်လာသည်။
"အသေးစိတ်ပြောပြလို့ရမလား"

ချူအိမ်၏ လက်ရှိအခြေအနေက စိုးရိမ်စရာဖြစ်သော်လည်း သူတို့က အားကောင်းသော အင်အားတစ်ခု ဖြစ်နေသေးသည်။ လက်ရှိအန္တရာယ်ကို ရင်ဆိုင်နိုင်မှာ သေချာသည်။ ထို့အပြင် ကိုယ်ပိုင်သစ်တပ်လည်း ရှိနေသေးသည်။ ဒီလိုအိမ်တော်မျိုး ဘယ်လို ပျက်သုန်းနိုင်ကြောင်း ဇူအန် မတွေးတတ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now