363

149 22 0
                                    

Chapter 363: လက်ဆောင်

"သူများလက်ထပ်ပွဲကို မင်းကဘာတွေ အရေးထားနေတာလဲ" ချင်ဝမ်ယွီ စိတ်တိုစွာ ပြောလာသည်။ ဇူအန်တုံ့ပြန်မှုကြောင့် သူတကယ် အံ့သြသွားရသည်။

ဇူအန်လည်း သူလွန်သွားကြောင်း သဘောပေါက်လိုက်သည်။ထို့ကြောင့် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး
"ကြီးကျယ်တဲ့ ဆန်းအိမ်က ဒီလောက် အယူသီးမယ်မထင်ထားမိလိုက်လို့ပါ"

"ကံဆိုးမှုကို လက်ထပ်ပွဲနဲ့ နှင်ထုတ်တာက လက်တွေ့နဲ့ သိပ်မဆိုင်ပေမဲ့ နမိတ်ကောင်းတာတော့ အမှန်ပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စေ့စပ်ထားပြီးသား။ စောစော လက်ထပ်တာနဲ့ နောက်ကျမှလက်ထပ်တာ ဘာမှမကွာဘူး "ချင်ဝမ်ယွီ ပြောလိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်သွားတာလဲ" ဇူအန် စိတ်ပူပန်လာသည်။ စေ့စပ်ပွဲသက်တမ်းက တစ်နှစ်ကြာမည်ဟု ကျန်းတန်ပြောထားသည်။ သူ့မှာ အားကောင်းဖို့ တစ်နှစ်အချိန်ရသေးသည်။ ထိုအချိန်ကျလျှင် သူမကိုပြန်လုယူဖို့ ယုံကြည်ချက် ရှိလေသည်။
သို့သော် သူတို့သာ အခုချိန်လက်ထပ်လျှင် ဇူအန် သူ့အစွမ်းအစသူ သိလေသည်။ လက်ရှိ သူ့အင်အားက ဆန်းအိမ်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ချင်ဝမ်ယွီ သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာသည်။ သူ့လုပ်ရပ်များက လုံးဝ ထင်မထားလောက်စရာပင်။ ဘာလို့ ဒီကိစ္စကို အလေးထားနေမှန်း နားမလည်ပေ။ သူမဘယ်လောက်ပဲ စိတ်ကူးယဉ်ဆန်ဆန် ကျန်းတန်နှင့်ဇူအန်ဆက်ဆံရေးကိုတော့ တွေးမိမည်မဟုတ်ပေ။

"ဒီကိစ္စကို ဘေးကိုအသာထားလိုက်။ အခုပို စိတ်ပူရမယ့်ကိစ္စရှိနေတယ်" ချင်ဝမ်ယွီ ပူပန်မှုက သိသာလာသည်။
"အဲ့ဒီညက ဆားလက်မှတ်လုရင်း ဆန်းရှန်က ဟိုအနက်ရောင်ဝတ်လူတွေ တိုက်တာ ခံလိုက်ရတာ။ အခု ဆားလက်မှတ်တွေက ငါတို့လက်ထဲ ပြန်ရောက်နေပြီ။ ဆန်းဟုန်က သူ့သားကိုတိုက်တာ ငါတို့လို့ အထင်မလွဲနိုင်ဘူးလား။ အဲ့လိုသာဆို ငါတို့အိမ်တော်က အန္တရာယ်ကြီးတော့မှာပဲ"

အချိန်အကြာကြီးကြာတာတောင် ဘာကြောင့် ချူကျုန်းထန် ပြန်မလွတ်သေးလဲ ဇူအန်အခု သိလိုက်ပြီ။ ဒါက ပြဿနာဖြစ်နေတာပဲ။
"အဲ့ဒီ အနက်ရောင်ဝတ်လူတွေက ဘယ်သူတွေလဲ မသိသေးဘူးလား။ အဲ့ဒီလူတွေကို ကျုပ်တို့ စုံစမ်းထားတယ်မလား"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now