306

168 27 0
                                    

Chapter 306: နွေဦးလေ ၁၈ မျိုး

"ခံတပ်ခေါင်းဆောင် ဒါက ဘာသဘောလဲ" ကျန်းတန်းလေသံက တင်းမာသွားသည်။ ဒီတောင်းဆိုချက်က အရိုအသေတန်လွန်းသည်။ ဘာကြောင့် ဒီလိုပြောလဲ သိမှရမည်။

ချန်ရွှမ်း ရယ်လိုက်မိသည်။
"ကျုပ်ပြောသလိုပဲလေ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ ပြိုင်ဘက်ကင်းအလှပဂေးတစ်ယောက်ဆိုတာပြောနိုင်တယ်။ အဲ့ဒီပုဝါနောက်က မျက်နှာကို ကျုပ်က မြင်ချင်တာ လက်ယားနေတာပဲ"

"ခံတပ်ခေါင်းဆောင် ကျွန်မက ရှင့်ကို တစ်ချိန်လုံး ဧည့်သည်လို ဧည့်ဝတ်ကျေနေတာ။ ရှင်က သိပ်ပြီး တရားလွန်လာတာပဲ။ ဒီနေ့ကစပြီး အနက်ရောင်လေခံတပ်နဲ့ ဝေလဂိုဏ်းရဲ့ သဘောတူချက်အားလုံးဖျက်တယ်" ကျန်းတန် လုံးဝ ဒေါသပုန်ထနေပြီ။
"လာစမ်း ဒီလူကို အပြင်ခေါ်သွားလိုက်"

အစက နယ်ခံအားသာချက်ကိုသုံးပြီး ချက်ချင်း ရှင်းထုတ်ပစ်ချင်သော်လည်း နောက်ဆုံးတော့ မလုပ်ဖြစ်ပေ။ ချန်ရွှမ်း ကျင့်ကြံမှုက အဆင့်မြင့်လွန်းသည်။ ထို့အပြင် နှစ်ပေါင်းများစွာ အဆင့်မြင့်ပညာရှင်များ၏ လိုက်သတ်ခံရခြင်းမှ လွတ်အောင်ပြေးနိုင်သူဖြစ်သဖြင့် ဝှက်ဖဲတစ်ချို့ရှိမှာ သေချာသည်။
သေအောင်သတ်နိုင်ရန် ယုံကြည်ချက်မရှိမှတော့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်းပေါ်မှ နှင်ထုတ်ခြင်းပင်။
ဒါက တကယ် ခေါင်းကိုက်စရာပင်။ ဒီအရှက်ကွဲမှုကြောင့် ဒီလူသာဒေါသထွက်သွားပြီး ကျွန်းပေါ်တွင် တစ်ရက်ပြဿနာရှာရင် သူဘယ်လိုလုပ်ရပါ့။

သို့သော် အမိန့်နောက်တွင် ထူးဆန်းစွာ ဆိတ်ငြိမ်နေမှုက သူ့ခေါင်းကို ရှင်းသွားစေသည်။
"ငါပြောတာမကြားဘူးလား" သူက လျှို့ချွမ်ကို ပြောလိုက်သည်။

လျှို့ချွမ် လှောင်လိုက်သည်။
"ဒါပေါ့ ကြားတယ်လေ။ ဒါပေမဲ့ ကျုပ်တို့အားလုံးလည်း ခေါင်းဆောင်ဘယ်လိုရုပ်လဲ မြင်ချင်ကြတယ်"

ကျန်းတန် မျက်လုံးများ ကျဉ်းမြောင်းလာရသည်။ ဒါဆို သူမ ကျွန်းပေါ်ကို ရောက်စတည်းက ခံစားနေရသော ထူးဆန်းမှု၏ အရင်းအမြစ်က ဒါလား။ ဒီလူ့မှာ အကြံအစည်ရှိပြီးသားပေါ့။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now