262

251 39 0
                                    

Chapter 262: အခွင့်သာခိုက်

“ကျေးဇူးပြုပြီး အရင်ဝင်လာပါ” ဇူအန် ဘေးသို့ တချက်ဖယ်ပေးပြီး သူမကို အထဲဝင်ရန် ပြောလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်က အပြင်တွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် ရပ်နေသည့် သူ့ကို မြင်လျှင် အလွန်ရှက်စရာကောင်းလိမ့်မည်။

ရှန်းလျှို့ယီ တုံ့ဆိုင်းနေပြီး သူ၏ အဝတ်မဲ့နေသော ကိုယ်ပေါ်ပိုင်းကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ စပ်စုချင်စိတ်က အနိုင်ရသွားသည်။ ကြော့ကြော့မော့မော့ဖြင့် အခန်းထဲသို့ သူမ ဝင်သွားလိုက်သည်။

ဇူအန် တံခါးပိတ်ပြီး ပြောလိုက်သည်။ “ကျောင်းတော်ကို လာရာလမ်းမှာ ကျုပ်တို့ လူသတ်သမားနဲ့ ကြုံခဲ့ရလို့ စိတ် မငြိမ်နိုင်သေးလို့ပါ”

“လူသတ်သမား…တစ်ယောက်ယောက်က မင်းကို သေစေချင်နေတာလား” ရှန်းလျှို့ယီ ၏ လှပတင့်တယ်သော မျက်ခုံးများ အတူတကွ ကျုံ့သွားကြသည်။ သူ့ကို လူမြင်ကွင်းတွင် တိုက်ခိုက်ရဲလောက်အောင်ထိ သတ္တိရှိမယ့် သူကို သူမ မစဉ်စားနိုင်ပါ။ မည်သို့ဆိုဆို သူသည် ချူအိမ်တော်၏ သခင်လေး ဖြစ်ရုံအပြင် ကျောင်းတော်၏ ဆရာတစ်ယောက်လည်း ဖြစ်နေသည်။

“အနက်ရောင်လေခံတပ် က ချန်ရွှမ်း ပါ” ဇူအန် ဇလုံထဲ ရေထည့်လိုက်ပြီး သူ့ကိုယ်ပေါ် စွန်းထင်းနေသေးသည့် မြင်း သွေးများကို သုတ်ပစ်ရင်း ဖြစ်ပျက်ခဲ့သည့်အရာကို ရှင်းပြလိုက်သည်။

ရှန်းလျှို့ယီ ကသိကအောက်ဖြင့် တဖက်သို့ ခေါင်းလှည့်ပြီး အပြင်က ပန်းဥယျာဉ်မြင်ကွင်းကို ကြည့်ရှုနေသည့်ပမာ ဟန်ဆောင်လိုက်သည်။ “အနက်ရောင်လေခံတပ်က ချန်ရွှမ်း…မင်း သူ့ကို ဘယ်လိုရန်သွားစမိတာလဲ”

“သူက ငွေချိတ်လောင်းကစားရုံရဲ့ မေချောက်ဖုန် နဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်နေတာ” နှစ်ယောက်သား အတူရှိကြသည့်အချိန် သိပ်မများသော်လည်း ဇူအန် ရှန်းလျှို့ယီ ၏ အကျင့်စရိုက်ကို ယုံကြည်သည်။ သူမထံမှ ဖုံးကွယ်ထားဖို့ လိုအပ်သည်ဟု သူ မထင်ပါ။

“အဖြစ်အပျက် အဲ့လိုကိုး” ရှန်းလျှို့ယီ နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်သည်။ “ချန်ရွှမ်း က အဆင့် ၆ ကျင့်ကြံသူလို့ ငါ ကြားခဲ့ဖူးတယ်။ မင်း အခု ဘာလုပ်တော့မလဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now