286

222 30 0
                                    

Chapter 286: နတ်ဘုရားမ၏နောက်ဆုံးအခြေအနေ

ဇူအန်က ချူချူယမ်ကို သူမ၏ အခန်းသို့ ပြန်ခေါ်သွားကာ အိပ်ရာပေါ်တွင် လဲလျောင်းစေလိုက်သည်။ ထို့နောက် ချင်ဝမ်ယွီကို တံခါးပေါက်ဆီသို့ တွန်းကာ ပြောလိုက်သည်။ “ယောက္ခမကြီး ကျေးဇူးပြုပြီးဝင်ပေါက်ကို ကူညီပြီးတော့ ကြည့်ပေးထားပါ။ ဘယ်သူ့ကိုမှ ဝင်မလာပါစေနဲ့”

ဇူအန် က ယခုလောက် သန်မာသောခွန်အားကို ပြလိမ့်မည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ သတိမထားမိလိုက်ခင်မှာပင် တံခါးအပြင်ဘက်သို့ ရောက်သွားပြီဖြစ်သည်။ “သမားတော်ပေါင်းနဲ့ နတ်ဆေးဆရာကျီ တို့ကို ရှာဖို့ အစေခံတွေကို ငါ ပြောထားတယ်။ အခုတော့ ချူယန်ရဲ့ အခြေအနေကို တည်ငြိမ်အောင်လုပ်နိုင်ရင် ရပြီ”

ဇူအန် ခေါင်းခါလိုက်သည်။ “သူတို့တွေ အချိန်မှီ မှာမဟုတ်ဘူး။ ပြီးတော့ လက်ရှိချူယန်ရဲ့ အခြေအနေကို အဲ့ဒီနှစ်ယောက်က ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး”

ချင်ဝမ်ယွီ ဒေါသထွက်သွားသည်။ “သူတို့နှစ်ယောက်က သူတို့ရဲ့ ဆေးပညာကျွမ်းကျင်မှုကြောင့် လူသိများတာပဲ။ သူတို့ မလုပ်နိုင်တဲ့ အရာကို နင် လုပ်နိုင်တယ်လို့ ပြောနေတာလား”
ဒီကောင် က မြေခွေးမကို ခေါ်လာပြီး ငါ့သမီးကို ဒီလိုမျိုး စိုးရိမ်စရာ အခြေအနေရောက်အောင်လည်း လုပ်ခဲ့သေးတယ်။ သူမ၏ စိတ်ထဲတွင် ဒေါသမီး ခက်ထန်စွာ တောက်လောင်နေသည်။

ဇူအန် အလျှင်အမြန် ပြန်ဖြေလိုက်သည်။ “အခြားရောဂါတွေကို ကုသတဲ့နေရာမှာတော့ သူတို့ကို မမှီတာ သေချာတယ်။ ဒါပေမယ့် ချူယန်ရဲ့ အခြေအနေကို ကျုပ် ထက် ပိုကောင်းကောင်း နားလည်တဲ့သူမရှိဘူး။ တံခါးပေါက်မှာ နေပြီးတော့ ဘယ်သူ့ကိုမှ လာမနှောင့်ယှက်စေနဲ့။ ကျုပ် လုံးဝ အနှောက်အယှက်ခံလို့မရဘူး”
သူမ၏ ခွန်းတုန့်ပြန်မှုကို မစောင့်တော့ဘဲ တံခါးကို ပိတ်လိုက်သည်။ သူမ၏ မျက်နှာအရှေ့တွင် တံခါးသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ချင်ဝမ်ယွီ ၏ နှာခေါင်း ပြားလုနီးပါးဖြစ်သွားသည်။ သူမ ဒေါသအိုးပေါက်ကွဲတော့မည့်အချိန်တွင် ချူယန်ကို ကုသပေးနေသူမှာ ဇူအန်ဖြစ်ကြောင်း သမီးနှစ်ယောက်လုံး ပြောခဲ့သည်ကို ရုတ်တရက် ပြန်တွေးမိလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now