Chapter 273: ပိုးမျှင်ငြိတွယ်သိုင်း
ချူချူယန် ဆွံ့အသွားသည်။
ဒီကောင့်ပါးစပ်ကနေ ထွက်လာတဲ့ စကားတိုင်းက ဘာလို့ အမြဲတမ်း အရမ်းထူးဆန်းနေကြတာလဲ။
သို့သော် သူမ ဘာမှပြန်မပြောနိုင်ပါ။ ကုသမှုခံယူရန် သူမ အဝတ်အစားကို ချွတ်ဖို့ တကယ်လိုအပ်နေသောကြောင့်ဖြစ်၏။သူမ အရှည်သည်းစွာဖြင့် တဖက်သို့ လှည့်လိုက်သည်။ သူမအဝတ်အစားများသည် နူးညံ့အိစက်သော အသားအရေပေါ်မှ လျောကျသွားကြပြီး မည်သည့်ယောကျာ်းသားကိုမဆို ရူးနှမ်းသွားစေနိုင်သည့် ရင်သပ်ရှုမောဖွယ် ဖြူလွှလွှမြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ဇူအန် နည်းနည်းစိတ်တိုသွားသည်။ ဒီလိုတော့ မဖြစ်တော့ဘူး။ နောက်တစ်ကြိမ်ဆို အရှေ့ဘက်ကနေ ကုသမှုလုပ်ရမယ်လို့ ငါ သူ့ကို ပြောရမယ်။
ဤတစ်ကြိမ်တွင်မူ သူ ထိန်းချုပ်ထားလိုက်သည်။ အလောတကြီးနိုင်မှုကြောင့် သူမကို ကြောက်လန့်သွားစေမှာ မလိုလားသောကြောင့်ဖြစ်သည်။နှာခေါင်းသွေးမလျှံလာရန် ကြိုးကြိုးစားစား ထိန်းချုပ်ထားရင်းဖြင့် ထိုညကုသမှု ပြီးသွားခဲ့သည်။
နီရဲနေသော မျက်နှာဖြင့် ချူချူယန် သူ့ကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ပြတ်ပြတ်သားသားဖြင့် သူမအခန်းထဲမှ သူ့ကို နှင်ထုတ်လိုက်သည်။
“ကျေးဇူးရှင်ကို ဒီလိုမျိုး ဘယ်သူက ဆက်ဆံလို့လဲ” ဇူအန် နှာရှုံ့ပြီး မကျေမနပ်ဖြင့် သူမအဆောင်ဝန်းမှ ထွက်သွားလိုက်သည်။
တစ်ချိန်တည်း၌ သူ၏ မကျေနပ်သေးသော ညီလေးကို ငုံ့ကြည့်လိုက်သည်။ ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူး။ ဒီလိုနှုန်းနဲ့ဆို ငါ နာမကျန်းဖြစ်သွားလိမ့်မယ်။ ဘာဆိုရိုးစကားပါလိမ့်။ မကျေနပ်ရင် မကြီးထွားနိုင်ဘူးဆိုလား။သူ့အခန်းသို့ ပြန်သွားသည့် လမ်းတစ်လျှောက်လုံး၌ စိတ်တိုတိုဖြင့် တစ်ယောက်တည်း မြည်တွန်တောက်တီးလာသည်။ ရုတ်တရက်တုန်ခါမှုတစ်ခုက သူ့အတွေးနွံထဲမှ နိုးထလာစေခဲ့သည်။ တံခါးနောက်မှ သူ့ကို ပစ်မှတ်ထားချိန်ရွယ်သည့် တိုက်ခိုက်မှုကို တဖက်သို့ ခုန်ပြီး ရှောင်လိုက်သည်။