344

151 22 0
                                    

Chapter 344: လက်နက်ကြီး

ချူချူတို့အုပ်စုကိုမြင်သော် ချီရီ မျက်မှောင်ကြုတ်နေရာမှ အပြုံးသို့ ပြောင်းသွားသည်။
"တူမကြီး ငါကအခုမှ ပြန်ရောက်တာ။ မင်းငါ့ကို ရှာနေတယ်လို့ကြားတယ်။ ပြန်သွားပြီလားလို့တောင် စိတ်ပူနေတာ"

ဇူအန် ခေါင်းယမ်းလိုက်မိသည်။ ဒီလူတွေက တယ်လည်း ကောက်ကျစ်တာပဲ။ တစ်ချိန်လုံးအိမ်မှာ ရှိနေရဲ့သားနဲ့ အစောက ထွက်မတွေ့ဘဲ အခုမှ ဘာမှမဖြစ်သလို ဟန်ဆောင်နေတယ်။

ချူချူယန်က ဒီလိုအရာများကို ကျင့်သားရပြီးနေပြီ။ သူ့အပြုံးက လုံးဝ ချို့ယွင်းချက်မရှိပေ။
"ချူချူယန် ဦးလေးချီကို နှုတ်ဆက်ပါတယ်"

"မင်းရဲ့ဦးလေးဖြစ်ရတာ အခုချိန်မှာ မကောင်းဘူး" ချီရီ သက်ပြင်းချလိုက်သည်။ ဒီကလေးမက သူ့ကို ရာထူးအတိုင်း မြို့စားဟုမပြောဘဲ ဦးလေးဟု ရင်းရင်းနှီးနှီးခေါ်နေသည်။ သူ့ကို ချူအိမ်ရဲ့မိတ်ဆွေနေရာအဖြစ်ထားပြီး စကားပြောရန်ပြင်ထားပုံပင်။
"မင်းဘာလို့ ဒီကိုရောက်နေလဲ အကြမ်းဖျင်းတော့ သိပါတယ်။မင်းတို့ချူအိမ်က ဒီတစ်ခါ ပြဿနာအကြီးကြီး တက်နေတာပဲ"
"မင်းက အမြဲတမ်း ဉာဏ်ပြေးတဲ့သူပါ။ ချူကျုန်းထန်က ဆုံးဖြတ်ချက်မှားနေတာကို ဘာလို့ လွှတ်ပေးထားတာလဲ"

ချူချူယန် လေးလံစွာ ပြောလာသည်။
"တစ်ချို့အရာတွေက ပြောရတာထက် လုပ်ရတာပိုခက်တယ်။ ဆားမှောင်ခိုက သောင်းကြမ်းလွန်းနေတယ်။ အဲ့ဒီအခြေအနေကြောင့် ချူအိမ်က ကောင်းကောင်းမလည်ပတ်နိုင်ဘူး။ ဆားလက်မှတ်အခိုးခံလိုက်ရတော့ ရွေးချယ်စရာမရှိတော့တာ။ တစ်ခြားအိမ်တော်တွေလည်း လုပ်ဖူးတာပဲ။ ဒါက အမြဲတမ်း မရေးထားတဲ့ စည်းမျဉ်းလိုတောင် ဖြစ်နေပြီ။ အုပ်ချုပ်ရေးမှူး ဆန်းက ဒီလောက်...အမြန် အကောင်အထည်ဖော်မယ်လို့ မထင်ထားမိဘူး"

ဆားလုပ်ငန်းလုပ်ကိုင်သူများစွာ ဆားလက်မှတ်ကုန်လွန်သွားဖူးသည်။ စည်းကမ်းအတိုင်းသာ တသွေမတိမ်းလိုက်နာကြလျှင် ဆားစျေးနှုန်း အဆများစွာမြင့်တက်သွားနိုင်ပြီး မည်သူမှ ဝယ်မစားနိုင်လောက်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Kde žijí příběhy. Začni objevovat