259

248 37 0
                                    

Chapter 259: အလိုက်တသိ

ဓား၏ အေးစက်မှုကြောင့် ဇူအန် ကြက်သီးမွှေးညှင်းများ ထသွားရသည်။ "သူရဲကောင်းကြီးရယ် ပိုက်ဆံလိုချင်တာလား ဒါမှမဟုတ်ရင်...ကျုပ်ကို လိုချင်တာလား။ ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်။ ကျေးဇူးပြုပြီးတော့တာ ဓားကို လက်မချော်ပါစေနဲ့"
ထိုစကားကိုပြောရင်းနှင့် နေရာခုန်ကူးရန် မဟာလေပြင်းကို လျှို့ဝှက်စွာ အသင့်ပြင်ထားလိုက်သည်။

သူ၏ အနောက်မှ ကျိတ်ရယ်သံတစ်ခု ပေါ်ထွက်လာသည်။ "ပိုက်ဆံဆိုတာကိုတော့ ငါ နားလည်တယ်။ ဒါပေမယ့် နောက်တစ်ကြောင်းကတော့ အဲ့ဒါက ငါလိုချင်တဲ့ တစ်ခုခုရော တကယ်ဖြစ်ပါ့မလား"

မိန်းမတစ်ယောက်လား။ တိုက်ခိုက်သူ၏ အသံကို ကြားလိုက်ရသောအခါ ဇူအန် စိတ်သက်သာရာရသွားခဲ့သည်။ သူ့ကို လုပ်ကြံရန်အတွက် ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်မည်ကို စိုးရိမ်ခဲ့ရသည်။ သို့သော် မိန်းမဆိုပါက သူ၏ အထူးကျွမ်းကျင်မှုဖြစ်သည်။
"လေးစားစရာ သူရဲကောင်းလေး။ ဒါကိုတော့ ကျုပ် လက်မခံနိုင်ဘူး။ ကျုပ်ရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားလို့ရတယ်။ ဒါပေမယ့် ကျုပ်ရဲ့ ချောမောတဲ့ရုပ်ရည်ကိုတော့ မစော်ကားပါနဲ့" ဇူအန်က ခိုင်မာသော မျက်နှာအမူအရာ ဖြင့်ပြောလိုက်သည်။

"ဖီ…ဘယလောက်တောင်သွက်လိုက်တဲ့ လျှာရှိတာလဲ။ ဒါကြောင့် အဲ့ဒီ မိန်းမပျက် ရှို့ဟုန်လေက နင့်ရှေ့မှာ လဲကျရတယ်ဆိုတာ မဆန်းတော့ပါဘူး" လေတိုးဝှေ့သံတစ်ခုဖြင့် သူ၏ လည်ပင်းတွင် ရှိနေသော ဓားမှာ ပျောက်ကွယ်သွားသည်။

ထို့နောက် ဇူအန် ဂရုတစိုက် လှည့်ကြည့်လိုက်သည်။ မျက်နှာဖုံးဝတ်ထားသော မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေရာမှ သူ့အိမ်ယာတွင်ဖြေးညင်းစွာ ထိုင်ချလိုက်သည်။
သူမ ထိုင်လိုက်သည်နှင့် သူမ၏ ရင်ဘတ်မှ လှိုင်းကြီးတစ်ခု တွန့်ခေါက်ထွက်ပေါ်လာသည်။

ဇူအန် တံတွေးမြိုချလိုက်ကာ "ကြီးလိုက်တာ..." ဟူ၍ အလိုအလျောက် ထွက်မိသွားသည်။
သူ၏ ခေါင်းတွင် မူလီတစ်ချောင်း ချောင်နေရင်တောင်မှ ပုံမှန်ဆိုလျှင် ယခုကဲ့သို့ အလွယ်တကူ လွှတ်ခနဲပြောထွက်သွားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း သူမ၏ ၀တ်စုံနက် မှာ အလွန်တင်းကျပ်နေပြီး သူမ၏ ညှို့ယူဖမ်းစားဖွယ် ကိုယ်လုံးကိုယ်ပေါက်က ဇူအန် ထိန်းနိုင်သည်ထက် အလွန်ကျော်နေခဲ့သည်။
ထိုစကားလုံး သူ၏ ပါးစပ်မှ ထွက်လာပြီးနောက်တွင် ပြဿနာအကြီးအကျယ်ကျရောက်တော့မည်ကို ဇူအန် သိလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Wo Geschichten leben. Entdecke jetzt