358

149 20 0
                                    

Chapter 358: ကောင်းမှုတစ်ခုနေ့စဉ်ပြု

အနက်ရောင်ဝတ်လူတစ်ယောက်ချင်းစီက အဆင့် ၄များဖြစ်ကြောင်း သိလိုက်ရသော် ဇူအန် အံ့သြသွားသည်။ အဆင့် ၄ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူတို့အားလုံးက မြို့ငယ်တစ်ခုတွင် အရာရှိဖြစ်နိုင်လေသည်။
ပြောရလျှင် ထိုလူများက သူနှင့်အဆင့်တူနိုင်သည်။ ပို၍ပင် မြင့်နိုင်သေးသည်။ ဇူအန်ကပင် လောလောဆယ်မှ အဆင့်တက်ထားခြင်းပင်။

ဆန်းရှန်က ဒီတစ်ကြိမ် သူ့လူယုံများကို ခေါ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစောင့်တပ်မှ ငတုံးများမဟုတ်ပေ။ တပ်သားများသာဆိုလျှင် ပထမအကြိမ် တိုက်ခံရတည်းက အားလုံး အပြတ်ရှင်းခံလိုက်ရလောက်ပြီ။
ထိုသို့ဆိုသော်လည်း ဆန်းရှန်အုပ်စုက ထိုသူများကို မယှဉ်နိုင်ပေ။ သူတို့အဆင့်က မြင့်၍ တိုက်ကွက်များက ရက်စက်လွန်းသည်။

သူ့နောက်လိုက်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသောကြောင့် ဆန်းရှန် ဒေါသတကြီးအော်ဟစ်လိုက်မိသည်။
"သေကြစမ်း တိရိစ္ဆာန်တွေ"

သူ့ဓားရှည်ကြီးက လွှဲယမ်းလိုက်သည်။ ဓားသွားမျက်နှာပြင်တွင် မီးတောက်များ ပေါ်လာပြီး မီတာလေးဆယ်ခန့်ရှည်သော ဓားရှည်ကြီး ဖြစ်လာသည်။ အနက်ရောင်ဝတ်လူများထံ ကြမ်းတမ်းစွာ ဝှေ့ယမ်းလေသည်။

တိုက်ခိုက်သူများက အသည်းအသန်လူစုခွဲ၍ ထိုတိုက်ချက်ကို ရှောင်ရန် ကြိုးစားလိုက်သည်။ တစ်ချို့တစိလေက အချိန်မီ မရှောင်လိုက်နိုင်၍ တစ်ဝက်မှ အပိုင်းခံလိုက်ရသည်။ မီးတောက် သူတို့အသားများကို ဆက်တိုက်လောင်ကျွမ်းနေသဖြင့် ဒဏ်ရာအပြင်းအထန်ရသော်လည်း သတိမမေ့သေးသာ လူများမှာ ဆိုးရွားစွာ အော်ဟစ်နေကြသည်။

ဇူအန် ကြောင်အသွားသည်။ ဒီဓားက ဘယ်လိုတောင်ရှည်သွားလဲ သူစဉ်းစားမရချေ။
ဆန်းရှန်သာ ငါသူ့သတို့သမီးလောင်းနဲ့ အိပ်နေတာသိသွားရင် အဲ့ဒီ မီတာလေးဆယ်ဓားကြီးနဲ့ အခုတ်ခံရမှာ ငါဖြစ်သွားလောက်တယ်။ အဲ့လိုအရာမျိုးက ငါက ဘယ်လိုလုပ် ရှောင်ရမှာလဲ။
ဒါပေမဲ့ ဒီနှစ်ယောက်က တကယ်လည်း မကိုက်ညီဘူး။ ကျန်းတန်က ရေဒြပ်စင်ပိုင်ရှင်။ သူက မီး။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now