325

178 25 0
                                    

Chapter 325: ငါပြောရင် မင်းယုံမှာလား

ရေချိုးဇလုံ ထဲသို့ ကီပို့လွှတ်မှုအပေါ်တွင်သာ ဇူအန် အာရုံစိုက်ထားသည်။ သူ၏ ပတ်ဝန်းကျင်၏ အဖြစ်အပျက်များကို လုံးဝ လျစ်လျူရှု့ထားလိုက်သည်။

ကျီရှောင်ချီ၏ မျက်နှာလေးမှာ ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေသည်။ ဆေး၏ အာနိသင်များကြောင့် လော သူမ၏ ရှက်ရွံမှုကြောင့်လော သူမ မသိပေ။
ဇူအန်၏ မျက်လုံးများ မှိတ်ထားသော်လည်း ယခုကဲ့သို့ ယောက်ျားတစ်ယောက်နှင့် အနီးကပ် မရှိနေဘူးခဲ့ပေ။
ထိုလက်၏ လှုပ်ရှားမှု အနည်းငယ်လေးကတောင် သူမနှင့် ထိမိရန် လုံလောက်မှုရှိသည်ဟု သူမ ခံစားနေရသည်။

ကျီရှောင်ချီ က သူမ၏ ရှက်ရွံမှုကို ဖုံးကွယ်ရန် အခြားအကြောင်းအရာတစ်ခု ပြောလိုက်သည်။
“အစ်ကိုဇူ ဒါက ပထမသခင်မလေး ချူရဲ့ နှင်းပွင့်ဓါးသိုင်းလား”

ဇူအန် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်”

“အို…ပထမသခင်မလေးချူက ကလန်ကို စောင့်ကြပ်တဲ့နေရာမှာ သုံးတဲ့ သိုင်းကိုတောင် အစ်ကို့ကို သင်ပေးတာပဲ။ အစ်ကိုတို့ နှစ်ယောက်က တကယ်ပဲနီးကပ်တယ်ထင်တယ်” ကျီရှောင်ချီ က ရှုပ်ထွေးနေသော မျက်နှာဖြင့်ပြောလိုက်သည်။

“ငါတို့ရဲ့ ဆက်ဆံရေးက အားလုံးအဆင်ပြေတယ်လို့ ထင်တာပဲ” ဇူအန် ခပ်ကျယ်ကျယ် ရယ်လိုက်သည်။ “ဒါပေမယ့် ငါက စာတော်တဲ့ ကျောင်းသားတစ်ယောက်တော့မဟုတ်ဘူး။ မဟုတ်ရင် ဟိုနေရာကနေပြီးတော့ မင်းအတွက် ရေခဲလှမ်းလုပ်ပေးလို့ရမှာပေါ့။ ဒီအနားကို လာစရာတောင်မလိုဘူး”

ကျီရှောင်ချီ ဘာပြောရမှန်းမသိတော့သောကြောင့် ဤအခန်းမှာ ဆိတ်ငြိမ်သွားသည်။
မိန်းမငယ်လေးတစ်ယောက်၏ ရနံ့မှာ အခန်းထဲရှိ လေထုတွင် ပိုမိုသင်းပျံ့လာသည်။ ပတ်ဝန်းကျင်မှာ အနည်းငယ် ကို့ရို့ကားယား ဖြစ်လာသည်ကို ဇူအန် ခံစားမိလိုက်သည်။ “မင်း ပိုနေလို့ကောင်းလာပြီလား”

ကျီရှောင်ချီ ခေါင်းငြိမ့်လိုက်သည်။ “ညီမ ပြန်ကောင်းခါနီးပြီ။ ရေရဲ့ အပူချိန်သာ ဒီအတိုင်းပဲ ဆက်ရှိနေရင် ဆေးရဲ့ အာနိသင်တွေက မကြာခင် ပျောက်သွားတော့မှာပါ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Donde viven las historias. Descúbrelo ahora