300

318 36 1
                                    

Chapter 300: သူငယ်ချင်းတွေ

သူ၏ ပူနွေးသော လက်ဖဝါးကို ကျန်းတန် ခံစားမိလိုက်၍ တစ်ကိုယ်လုံး ကျဉ်တက်သွားသည်။ သူမ၏ မျက်နှာအမူအရာမှာလည်း ပုံစံအမျိုးမျိုး ပြောင်းနေသည်။ တစ်စုံတစ်ခုကို ပြောရန် သူမ၏ ပါးစပ်မှာ အကြိမ်ကြိမ်အခါခါ ပွင့်လာသော်လည်း အကြောင်းအရင်းတစ်ချို့ကြောင့် မည်သည့်အသံမှ မထွက်လာခဲ့ပေ။
အမှန်တွင်လည်း သူ့ကို အဘယ်ကြောင့် မခုခံသည်ကို ဇူအန် နားမလည်ပေ။
ဒါက ပျားရည်ထောင်ချောက် တစ်ခုဖြစ်နေမယ်ဆိုရင်တောင်မှ မင်း နည်းနည်း လွန်မနေဘူးလား။

မင်းလက်ခံရင်လည်း...ကောင်းပြီလေ။
ဆက်မထိန်းတော့ရန် ဇူအန် ဆုံးဖြတ်လိုက်သည်။ သူ၏ လက်က သူမ၏ ဂါ၀န်အောက်သို့ တန်းရောက်သွားသည်။

သူမ၏ ခန္ဓာကိုယ်ကို အခြားယောက်ျားတစ်ဦး ကျူးကျော်လာသည်ကို ခံစားမိရသောကြောင့် ကျန်းတန် မျက်ရည်ဝဲသွားသည်။
သို့သော်လည်း သူမ မတွန်းလှန်ခဲ့ပေ။ အကြောင်းအရင်းကိုလည်း သူမ မသိပေ။ သူမ သိသောအရာတစ်ခုသာရှိသည်။ အကယ်၍ သူမ ရုန်းကန်ပါက သူမ၏ အနောက်တွင်ရှိနေသူမှာ မည်သည့်အရာမှ ဆက်လုပ်တော့မည်မဟုတ်ပေ။

သို့သော်လည်း ဤအတွေ့အကြုံအသစ်မှာ သူမ၏ စိတ်ဝိဉာဉ်အနက်ရှိုင်းဆုံးနေရာမှ တောင့်တနေသော တစ်စုံတစ်ခုဖြစ်နေသည့် ဟန်ရှိသည်။
သူမသည် စည်းကမ်းတင်းကြပ်သော အိမ်တော်တွင် မွေးဖွားလာခဲ့ရပြီး အလွန်အမင်း ထက်မြက်သူဖြစ်သည်။ ငယ်ရွယ်စဉ်အခါက နာခံတတ်သူဖြစ်သော်လည်း ယခု သူမ အရွယ်ရောက်လာသောအခါ သိမ်မွေ့သည့် စံပြ မိန်းမပျို တစ်ယောက်ဖြစ်လာခဲ့သည်။ သူမ၏ စကားပြောဟန် လှုပ်ရှားဟန်ပန်များမှာ ပြစ်ချက်ကင်းလှသည်။

သူမ အရွယ်ရောက်လာသောကြောင့် သူမအဖို့ မင်္ဂလာပွဲတစ်ခု စီစဉ်ပေးခဲ့ကြသည်။ သူမ၏ သတို့သားလောင်းမှာ ရုပ်ရည်ချောမော၍ ယုံကြည်မှုအပြည့်ရှိသူ ဖြစ်ပြီး ကလန်ကြီးတစ်ခှမှ လူလည်းဖြစ်သည်။ သူနှင့် အတူရှိရန် အိမ်မက်မက်သည့် မိန်းမပျိုများစွာ လည်း အသေအချာရှိနေမည်ဖြစ်သည်။
၎င်းလက်ထပ်မင်္ဂလာကို သူမ မငြင်းဆန်ခဲ့သော်လည်း ထိုအရာက သူမကို ပျော်ရွှင်မှု ဖြစ်စေသည်လည်း မဟုတ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Onde as histórias ganham vida. Descobre agora