240

283 34 0
                                    

Chapter 240: နှာဗူးကောင်

“အဲ့ဒီ ကောင်စုတ်က နင်ပြောသလို အစွမ်းထက်လို့လား” ချီဒေါင်ရင်း လက်မခံသေးပေ။ “ကလန်ပြိုင်ပွဲ မှာ လုပ်ဆောင်ခဲ့တာ မဆိုးပေးမယ့် သူ့ရဲ့ ခွန်အားက အတော်လေး အကန့်အသတ်ရှိနေတုန်းပဲ...”

ချီရှို့ ခေါင်းခါလိုက်သည်။ “အဲ့ဒီ လူက လက်လွှတ်စပယ်ဖြစ်နေပေမယ့် တကယ်တော့ သူက အတော်လေး ခေါင်းအေးပြီးတော့ ဉာဏ်ရှိတယ်။ တစ်ခါတစ်လေမှာ ငါတောင် သူဘာတွေးသလဲဆိုတာ မသိဘူး”

“သူ့ကို ငါ ဂရုမစိုက်နိုင်ဘူး။ ဒီခေါင်းခဲစရာက ချူချူယန်နဲ့ပဲ ဆိုင်တယ်” ချီဒေါင်ရင်း အကြည့်လွှဲလိုက်သည်။ သူ၏လက်ရှိအခြေအနေဖြင့် ဇူအန်မှာ သူ၏ အာရုံကို ရရန် ထိုက်တန်စရာအကြောင်းမရှိနေပေ။ ဒုတိယအထပ်တွင် ချိတ်ဆွဲထားသော ပုလဲလိုက်ကာ ဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် မည်သူမှ မရှိနေပေ။ “အဲ့ဒီ ရှို့ဟုန်လေ က ဘယ်အချိန်မှ ကိုယ်ထင်ပြမှာလဲ”

ရှို့ဟုန်လေ ၏ အနုပညာအစွမ်းအစများမှာ ပြိုင်ဘက်ကင်းဟု သူမ ကြားဖူးခဲ့သည်။ သူမ၏ ကဗျာစွမ်းရည် နှင့် သီချင်းဆိုစွမ်းရည်တို့မှာ ယှဉ်နိုင်သူမရှိပေ။ ချီဒေါင်ရင်း ကိုယ်တိုင်မှာလည်း ဂီတအပေါ် အလေးအနက်ရှိနေမှုကြောင့် ဤနာမည်ကြီးသည့် အနုပညာသည် ထံမှ တစ်စုံတစ်ရာ လေ့လာနိုင်မလားဟူ၍ လာကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှို့ဟုန်လေ ၏ အခြားကိစ္စများကိုမူ သူမ စိတ်မဝင်စားပေ။

ချီရှို့ရှင်းပြလိုက်သည်။ “ငါတို့ နည်းနည်းထပ်စောင့်ရမှာကို စိုးမိတယ်။ နောက်ပြီးတော့ အစ်မ ။ အစ်မကို လူသိသွားမှာကို ပိုပြီးတော့ စိုးရိမ်မိတယ်။ အခုတော့ ယောက်ျားလေးလို ဝတ်စားထားပေမယ့် အမြင်စူးရှတဲ့လူနဲ့တွေ့ရင် သေချာပေါက်ကို ရုပ်ဖျက်ထားတာကို သိမှာပဲ။ အဲ့လိုသာဖြစ်ခဲ့ရင်တော့ အဖေက ငါ့ကို လွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်ဘူး”
စကားပြောရင်းနှင့် ပိုမိုနောင်တရလာနေသည်။ သူ၏ အစ်မကို ဤနေရာသို့ ခေါ်လာခြင်းမှာ ဆုံးဖြတ်ချက်တစ်ခုအဖို့ အလွန်စွန့်စားလွန်းရာကျနေသည်။
မိန်းမတွေက တကယ်ကို မနာလိုမှုနဲ့ ပြိုင်ဆိုင်လိုစိတ် ရှိကြသော သတ္တဝါများဖြစ်ကြသည်။ ရိုးစင်းသော ဘဝတစ်ခုဖြတ်သန်းနေသော သူ၏ အစ်မဖြစ်သူမှာလည်း မခြားနားပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Место, где живут истории. Откройте их для себя