249

258 40 0
                                    

Chapter 249: အစီအစဉ်ကို ရှေ့တိုးလိုက်ခြင်း

ချူဟုန်ခိုင် သူ့ကို အံ့သြမှင်သက်စွာ စိုက်ကြည့်လိုက်သည်။

ဒုတိယထပ်မှ ကြည့်နေကြသည့် ဖေးမြန့်မုန် နှင့် ချီဒေါင်ရင်း တို့လည်း ထိုနည်းအတိုင်း ဖြစ်သွားကြသည်။
အကုန်လုံးစိတ်ထဲ၌ တူညီသည့် အတွေးတစ်ခု အလိုလို ထွက်ပေါ်လာခဲ့သည်။

သင်သည် ကြည့်ရှုသူများထံမှ အမျက်ပွိုင့် ၆၆ ၆၆ ၆၆…ရရှိပါသည်။

အမျက်ပွိုင့်များ တပုံတပင် ရောက်လာသည်နှင့် လန်းဆန်းတက်ကြွသော ခံစားချက်တစ်ခုက ဇူအန် ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ကြည့်ရတာ နှိမ့်ချပြီး နေတာက တကယ် ငါနဲ့ မကိုက်ဘူးထင်တယ်။ လူအများရှေ့ ထင်ထင်ပေါ်ပေါ်နေတာက ချမ်းသာမယ့် အမြန်ဆုံးနည်းလမ်းပဲ။

သင်သည် ချန်ရွှမ်း ထံမှ အမျက်ပွိုင့် ၉၉ ၉၉ ၉၉…ရရှိပါသည်။

ဇူအန် သူ့ကို တအံ့တသြ ကြည့်လိုက်သည်။ အမျက်ပွိုင့်ရရှိပုံကနေတစ်ဆင့် ရန်သူက သူ့ကို ချက်ခြင်း၀င်တိုက်တော့မည်ဟု သေချာပေါက်မျှော်လင့်ထားခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိ ၎င်းကလည်း အမှန်မဟုတ်သည့်ပုံပင်။

ရှို့ဟုန်လေကလည်း အခြေအနေမကောင်းမှန်းသိသည်။ သူမက အလျှင်အမြန် ရွေ့ပြီး တမင်တကာမဟုတ်သည့်ပုံစံဖြင့် သူတို့နှစ်ယောက်ကြား၌ ရပ်လိုက်သည်။ “လက်စသတ်တော့ သခင်လေး ဇူက ဒီမှာ တစ်ချိန်လုံးရှိနေခဲ့တာကိုး” သူမက သိမ်မွေ့နူးညံ့ပြီး ရွှင်ပြသော အပြုံးနှင့် ပြောလိုက်သည်။

သူမ နီးကပ်လာသည်နှင့် သစ်ခွပန်းလိုမျိုး သင်းပျံ့သော သဘာဝရနံ့ကို ဇူအန် ချက်ချင်း ရလိုက်သည်။ ခပ်လှမ်းလှမ်းမှ ကြည့်ရင်တောင် သူမသည် အလွန့်အလွန် လှပတင့်တယ်ပြီးဖြစ်သည်၊ သူမ၏ အနီးကပ်စွဲဆောင်နိုင်မှုက ပိုပြင်းထန်၏။

ငါ့ရဲ့ အလှနတ်မိမယ်လေးကို မြင်ခဲ့ပြီးသားမို့လို့ တော်သေးတာပေါ့။
ဇူအန် စိတ်ထဲမှ တိုးတိုးတိတ်တိတ် သူ့ကံကောင်းမှုကို ချီးကျူးလိုက်သည်။ တကယ်လို့ သူသာ ချူချူယန် နှင့် အချိန်အများကြီးအတူမရှိခဲ့ဖူးလျှင် အပြင်ပိုင်းအလှတရားအပေါ် သူ့ခုခံနိုင်မှုသည် ဒီလောက်မမြင့်ဘဲ ဤနေရာ၌ သူ့ကိုယ်သူ အရှက်ခွဲမိနေလောက်မည်ဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now