205

310 43 0
                                    

Chapter 205: ဦးနှောက်ပျက်တာက ကုဖို့ခက်တယ်

မိန်လိ ပြောစရာမရှိတော့ပေ။
ဒီကောင့် ဦးနှောက်က ပုံမှန်မဟုတ်ဘူး။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၀ ရယူလိုက်သည်။

"မင်းကတော့..." မိန်လိ အံကြိတ်လိုက်သည်။ သို့သော် သူမပေါက်ကွဲနိုင်ခင် ဇူအန် လက်ကာ၍ တားလိုက်လေသည်။

"ခဏလေးနေပါဦး"

"ဘာလဲ" ဇူအန် ဘာပြောချင်နေမှန်းမသိ၍ မိန်လိ မေးလိုက်သည်။

ဇူအန် သူ့ကီးဘုတ်ကို ဆင့်ခေါ်ကာ နောက်တစ်ကြိမ် ကံစမ်းလိုက်ပြန်သည်။
ဇူအန် အရင်တစ်ခေါက်က အမျက်ပွိုင့် ၃သောင်းကျော် ဆုံးရှုံးလိုက်ရ၍ နောက်တစ်ကြိမ် ထိုသို့ အမှားမခံနိုင်ပေ။ ထို့ကြောင့် ရလာသောအမျက်ပွိုင့်ကို ချက်ချင်းသုံးရန် ဆုံးဖြတ်လိုက်သည်။
အရင်က ၈၄ခု ကျန်ခဲ့၍ ဒီတစ်ခါ မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၀ နှင့်ပေါင်းကာ စုစုပေါင်း ၃၃၄ ပွိုင့် ရှိသွားသည်။ ထို့ကြောင့် ၃ကြိမ် ကံစမ်းနိုင်လေသည်။
ဒီတစ်ခါတော့ ဇူအန် အမြတ်ရလိုက်သည်ဟု ခံစားမိလေသည်။

သူထင်ထားသလို ဘာမှမရလိုက်ပေ။ သို့သော် ခံစားချက်ကတော့ ကွာခြားသွားသည်။ နောက်ဆုံး ပိနေသော ဝန်ထုတ်ကြီးပစ်ချလိုက်ရသလို ပေါ့ပါးနေသည်။
နောက်ဆို ငါတော်ရုံ လွယ်လွယ်နဲ့ ကျိန်လို့မရတောဘူး။ ကံကြမ္မာဆိုတာ ယိလိုပဲ။

"ကောင်းပြီလေ။ ရပြီ။ မမကြီး စောစောက ဘာပြောနေတာလဲ" ဇူအန် စိတ်ပျော်နေ၍ ပြုံးပင်ပြုံးမိနေသေးသည်။

"ငါ ပြောချင်တာက..." မိန်လိ ပြောနေရင်းလမ်းတစ်ဝက်တွင် တောင့်ခဲသွားသည်။
ဟမ်..ငါခုနက ဘာပြောမလို့ပါလိမ့်။ ကြားဖြတ်ခံလိုက်ရသောကြောင့် ပြတ်တောက်သွားရခြင်းပင်။

အချိန်အကြာကြီးနေမှ သူမ ဘာပြောမလို့လဲ သတိပြန်ရသည်။
"ဟမ့်…ငါဘာလို့ မင်းနဲ့ သေခြင်းရှင်ခြင်းစာချုပ် ချုပ်ရလဲ မင်းက တစ်ခြားလူတွေထက် ပိုသိတာပဲ။ တွေးလိုက်ရင် ငါစိတ်တိုရတယ်။ နောက်တစ်ခါ ဒီကိစ္စကို အစပြန်ဖော်ပြီး ငါ့ရှေ့ပြောရင် မင်းကို ငါလွယ်လွယ်အလွတ်ပေးမှာ မဟုတ်ဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now