Chapter 316: ကပ်ဆိုးထဲမှ အမြတ်
သစ်ပင်တစ်ပင်၏ ထိပ်တွင် ခိုလိုက်ပြီး ကမ်းစပ်မှ စုဝေးလာသောလှများကို ကြည့်လိုက်ပြီး ကျန်တန် သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ ကျွန်မတို့ပြန်သွားရတော့မှာပဲ"ဇူအန် ခေါင်းညိတ်လိုက်သည်။ အနည်းငယ်ကွာဝေးနေသေးသော်လည်း ဒီနေရာကိုရှာတွေ့မည်မှာ အနှေးနှင့်အမြန်ပင်။
"သူတို့က ဝေလဂိုဏ်းကလား လပြည့်မြို့ကလားဆိုတာ မင်းသိလား"ကျန်းတန် ခေါင်းယမ်းလိုက်သည်။
"သူတို့က ဝေလဂိုဏ်း မဟုတ်ဘူး။ ဝေလဂိုဏ်းက ဒီလိုဝတ်စုံမျိုး မဝတ်ဘူး။ ဖြစ်နိုင်တာက..."
သူက ဝေလဂိုဏ်းချုပ်ဖြစ်သောကြောင့် ဒီလိုကိစ္စမျိုးကို သိလေသည်။ကျန်းတန် စကားပြောနေရင်း ရပ်သွားသောကြောင့် ဇူအန် ပြုံးလိုက်ကာ မေးလေသည်။
"သူတို့က ဆန်းရှန်ရဲ့ မြစ်ကမ်းစောင့်တပ်မလား"ကျန်းတန် မျက်နှာမကောင်းစွာ ခေါင်းညိတ်လေသည်။
"အဲ့ဒီလူက မင်းကိုတော့ အတော်လေး ဂရုစိုက်ပုံပဲ" ဇူအန် သက်ပြင်းချ၍ ပြောလိုက်သည်။
ကျန်းတန်မျက်နှာ အမူအရာက ရှုပ်ထွေးနေသည်။
"သူက အမြဲတမ်း ကျွန်မအပေါ် ကောင်းခဲ့ပါတယ်"ဇူအန် ထိုအရာကို မျှော်လင့်မထားမိပေ။
"ဘာလို့ ငါတို့က ဖောက်ပြန်နေတာလို့ ခံစားရတာလဲ"."ဖူး." ကျန်းတန် နင်သွားပြီး ချက်ချင်း မျက်နှာရဲသွားသည်။
"ဘယ်သူက သူ့ကိုယ်သူ ဒီလိုပြောလို့လဲ"ဇူအန် ရယ်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ အထုတ်အပိုးပြင်ပြီး ပြန်ကြစို့"သူ ပျောက်သွားတာ ကြာနေပြီ။ အကယ်ဒမီနှင့် ချူအိမ်လည်း သူ့အတွက် စိတ်ပူနေလောက်ပြီ။
ထုတ်ပိုးစရာ သိပ်မရှိပေ။ သူတို့က ဒီနေရာကို အမဲလိုက်ခံရပြီး ရောက်လာ၍ ဘာပစ္စည်းမှ သယ်မလာနိုင်ပေ။
သူတို့ သယ်စရာလိုသော တစ်ခုတည်းသောအရာက အနီရောင်နဂါး၏ ရတနာများဖြစ်သည်။"ဒါတွေအကုန်လုံးကို ဘယ်လိုသယ်ကြမလဲ" ကျန်းတန် သူ့ရှေ့က ရတနာပုံကြီးကို စိတ်ပူသောအမူအရာဖြင့် ကြည့်နေသည်။