376

150 19 0
                                    

Chapter 376: ရှက်စရာအထင်လွဲမှု

ဇူအန် ရုတ်တရက် ထခုန်ကာ အပြင်သို့ ပြေးထွက်သွားသည်။

ကျန်းလော့ဖူ ကြောင်သွားသည်။ “ ဘာတွေလုပ်နေတာလဲ”

ဇူအန်က သူမကို လိုက်မလာရန် လက်ပြလိုက်သည်။ “ ဒီကိုမလာနဲ့။ အခုတစ်ယောက်တည်းရှိနေဖို့လိုတယ်”
ဇူအန် ရူးသွားသည်ဟု ထင်ရလုနီးပါးဖြစ်နေသည်။ အစောက သူမ စကားပြော အနည်းငယ်ကြမ်းသွားသလားဟု ကျန်းလော့ဖူ တွေးလိုက်သည်။
သူမ နှလုံးသားထဲတွင် နောင်တ တစ်စ ကပ်ညိနေသည်။

ဇူအန် က ခြံဝန်းထဲသို့ ပြေးသွားကာ ရေတွင်းထဲမှ ရေတစ်ပုံးခပ်ယူလိုက်သည်။ ရေခွက်ဖြင့် သူ၏မျက်နှာကို ဆယ်ကြိမ် ဆေးလိုက်သည်။
သူ သိသမျှ နတ်ဘုရားအားလုံးဆီတွင် ဆုတောင်းလိုက်သည်။ နောက်ဆုံးတွင် ကံစမ်းမဲနှိုက်ရန် အချိန်ကျလာပြီဖြစ်သည်။
ယခုအခါ သူ့တွင် အမျက်ပွိုင့် ၅၁, ၉၁၅ ရှိနေသည်။ ထို့ကြောင့် ၅၁၉ ကြိမ် မဲနှိုက်၍ရနေသည်။

ကီးဘုတ်စနစ် တွင် ရွှေရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာသည်။
အမျက်ပွိုင့် စုစုပေါင်းအမှတ်မှာ သတ်မှတ်အဆင့် သို့ရောက်ရှိပြီဖြစ်ပါသဖြင့် ဆုပေးခြင်း စနစ် အဆင့်မြှင့်တင်လိုက်သည်။ ယခုအခါ အကြိမ်တစ်ရာ မဲနှိုက်ခြင်းကို တစ်ကြိမ် တည်းဖြင့် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ မဲနှိုက်မည် ခလုတ်ကို နှိပ်လိုက်ပါက အကြိမ်တစ်ရာ နှိုက်လိုက်မည်ဖြစ်သည်။ ဆုများကို ချက်ချင်းရရှိမည်ဖြစ်သည်။ အကယ်၍ မဲနှိုက်ရန် အခွင့် တစ်ရာ ထက်လျော့နည်းနေပါက ဤမဲနှိုက်ခြင်းမှာ တစ်ကြိမ် မဲနှိုက်ခြင်းသာဖြစ်မည်။
သတိပြုရန်: ဤ မဲနှိုက်ခြင်းပုံစံသည် ကျနှုန်း အပေါ် သက်ရောက်မှုမရှိပေ။

...

အသိပေးချက်ကို သေချာဖတ်ကာ အကြမ်းဖျင်း နားလည်လိုက်သည်။ ဤအဆင့်မြှင့်တင်မှုက သူ့ကို အချိန်အနည်းငယ် သက်သာစေသည်။ မဲတစ်ကြိမ်နှိုက်ရန် တစ်ခါနှိပ်ရခြင်းမှာ အတော် အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် အမျက်ပွိုင့် အများအပြား စုဆောင်းမိနေချိန်တွင်ဖြစ်သည်။ ပွိုင့်များ ပိုမို စုမိလေလေ အကြိမ်ရေများများ နှိပ်ရလေလေဖြစ်သည်။ အချို့ပွိုင့်သို့ ရောက်သောအခါ တစ်သက်တာ ကြာမြင့်သွားမည်ဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now