271

240 36 0
                                    

Chapter 271: ခွင့်ပြုချက်

ဘာဖြစ်ဖြစ်ကွာ။ ရှိရင်လည်း ရှိတယ်ပေါ့။ ငါ့ရဲ့ အစွမ်းအစတွေကို သူကိုယ်တိုင် မျက်မြင်တွေ့ချိန်တန်ပြီ။ သူ့မှာ မီးယပ်ကိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကြုံလာရင် ငါ့ကိုလာပြလို့ရတာပေါ့။

ဇူအန် နှာမှုတ်ကာ ခပ်တန်းတန်း ဝင်သွားလိုက်သည်။
ကြေးမုံတံလျှပ်ကြောင့် အခုဆို ခိုးဝင်ရတာ ပိုလွယ်သွားလေပြီ။ မဟာလေပြင်းတောင် သုံးစရာမလိုတော့ပေ။

ဒါပေါ့ အကြောင်းအရင်းအများစုက ချူအိမ်အစောင့်တွေမှာ အပြင်က လာတဲ့ ကျူးကျော်သူကိုပဲ သတိပိုထားနေကြလို့သာဖြစ်သည်။ အိမ်တော်တွင်းမှာပင် တစ်ယောက်ယောက်က ဟိုခိုး၀င် ဒီခိုးဝင် လုပ်လိမ့်မည်ဟု မထင်ထားကြပေ။

ချူချူယန် ပြတင်းပေါက်ကို လွယ်လွယ်ရောက်လာပြီး တံခါးကို အသာတွန်းဖွင့်လိုက်သည်။
ဒီနေ့တော့ ငါ့မိန်းမက တံခါးဖွင့်ထားဖို့ မမေ့တဲ့ပုံပဲ။

အမြန် ခုတင်နားကို ခြေဖွကာသွားလိုက်သည်။ ဘေးတွင် လှဲလျောင်းနေသော ပုံရိပ်တစ်ခုကို မြင်နိုင်လေသည်။ သို့သော် မျက်နှာကိုသေချာမြင်ရရန် အခန်းက မှောင်လွန်းနေသည်။

ဒီတစ်ခါတော့ ခုတင်ပေါ် ပစ်ဝင်ကာ လျှောက်မစမ်းရဲတော့ပေ။ အရင်တစ်ကြိမ်ကိုတော့ မတော်တဆဟုပြောကာ ကျော်လိုက်လို့ရသည်။ သို့သော် ချင်ဝမ်ယွီကို နောက်တစ်ကြိမ်ထိပါက ချူချူယန်က သူ့လက်ကို ဖြတ်ပေလိမ့်မည်။ ချင်ဝမ်ယွီ ဘာလုပ်နိုင်လဲ တွေးမိလျှင်ပင် ကြက်သီးထလာသည်။

"မိန်းမ မင်းလား" ဇူအန် မေးလိုက်သည်။

ပျင်းပျင်းရိရိအသံတစ်ခု ထွက်လာသည်။
"ဘယ်သူ ဖြစ်ရဦးမှာလဲ"

ဇူအန် စိတ်အေးသွားသည်။ ခုတင်ဘေးကိုအမြန်သွား၍ ထိုင်ချလိုက်သည်။
"မင်းအမေရော ဘယ်မှာလဲ"

ချူချူယန် အသားယူမခံရရန် အဝေးကို တန်းရွှေ့လိုက်သည်။
"ရှင် ကျွန်မကို ညကျရင် ကုရမယ်ဆိုတာ သူသိပြီးသားလေ။ သူက ဘယ်လိုလုပ် ဒီမှာမျက်နှာထူထူနဲ့ အားလုံးအရှက်ရအောင် နေမလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now