254

269 38 0
                                    

Chapter 254: သံသယ

“ကျွန်မက အင်မော်တယ်ဗိမ္မာန်က ရှို့ဟုန်လေပါ။ သခင်လေး အဲ့လောက်မြန်မြန်မေ့သွားတာလား” ရှို့ဟုန်လေ စိတ်ကောက်ဟန်လုပ်ပြီး သူ့ကို နှုတ်ခမ်းစူပြလိုက်သည်။ သူမခေါင်းထဲတွင်တော့ အချက်ပေးသံများဆူညံသွားသည်။

“မင်းကိုယ်မင်း အပျော်မယ်တစ်ယောက်လို ပြောပေမယ့် မြို့တော်၀န် ချူ မိသားစုကိစ္စကို အရမ်းစိတ်ဝင်စားတာပဲနော်။ အကုန်လုံးကို အဲ့လောက်အသေးစိတ်ထောင့်ကျအောင်ထိ မင်း စိစစ်ပိုင်းခြားပြီးပြီ။ အဲ့ဒါက သာမာန်အပျော်မယ်တစ်ယောက် လုပ်နိုင်မယ့် အရာဟုတ်နေလို့လား” ဇူအန် နှာရှုံ့လိုက်သည်။

ရှို့ဟုန်လေ သက်ပြင်းချလိုက်သည်။ “သခင်လေးက ဟိုတခြားယောကျာ်းလေးတွေဆီ ကျွန်မကို ညင်ညင်သာသာဆက်ဆံပါ့မယ်လို့ ကြိမ်းဝါးသွားခဲ့တာ မကြာသေးခင်ကပဲမဟုတ်ဘူးလား”

ဇူအန် တကယ်ဆွံ့အသွားသည်။
သူ ဘယ်လောက်ပင် အရှက်မဲ့နေပါစေ ထိုကဲ့သို့ သူ ပြောခဲ့သည့် စကားကို သူမ ကြားသွားသည်ဆိုသည့်အချက်ကြောင့် သူ အလွန်ရှက်သွားမိသည်။
“အဲ့ဒါက သူတို့ကို စိတ်တိုသွားအောင် သက်သက်မဲ့ ပြောလိုက်တာပါ။ ငါက စနောက်ရုံပါ ဟားဟား…..” ဇူအန် အေးဆေးတည်ငြိမ်စွာ မနေနိုင်တော့ပါ။ လုံးလုံးအရှက်ကွဲသွားသဖြင့် သူ့ကိုယ်သူ ရှင်းပြရန် အသည်းအသန် ကြိုးစားလိုက်သည်။

“ဒါပေမယ့် ကျွန်မက ဒီည ရှင် တစ်ယောက်တည်းနဲ့ပဲ တွေ့ဖို့ ရွေးချယ်ပြီးပြီလေ။ အဲ့လိုမျိုး ပြောလိုက်တော့ ရှင် ကျွန်မ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးသွားစေတာပဲ။ သူတို့အမြင်မှာ ကျွန်မက ဖြူစင်တဲ့ မိန်းကလေး ဟုတ်တော့မှာ မဟုတ်ဘူး” ရှို့ဟုန်လေ ပြောရင်းပြောရင်းဖြင့် ပိုပြီး ဝမ်းနည်းပူဆွေးလာသည်။ သူမမျက်ထောင့်ဖျားမှ မျက်ရည်စက်များ စီးကျလာသည်။

ဇူအန် သူမကို တကယ်လေးစားသွားသည်။ ဤမိန်းမ၏ ညို့ဓာတ်သည် အလွန်ပြင်းသည်။ သူမ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သူ သေချာသိထားသော်လည်း သူ့ခံစားချက်ကို သေသေချာချာ မထိန်းချုပ်နိုင်သေးပါ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now