323

177 27 0
                                    

Chapter 323: အဲ့ဒီခွေးဇူကို သတ်

ဇူအန် ထွက်လာသည်ကိုမြင်ရသောအခါ ကျီရှောင်ချီ အရောင်လက်သွားသည်။ "အစ်ကိုဇူ အဆင်ပြေတယ်ဆိုတာ မြင်ရတော့ ညီမ အရမ်းဝမ်းသာတာပဲ"

ဇူအန် က သူ၏ နှလုံးသား ပျော့ပျောင်းသွားသည်ဟု ခံစားလိုက်ရသည်။ "ငါ ပြန်လာ မလာကို နေ့တိုင်း လာကြည့်တယ်လို့ ငါကြားတယ်။ မင်းကို စိုးရိမ်စေမိပြီ"

"မဟုတ်တာ..." ကျီရှောင်ချီ ၏ မို့ဖောင်းနေသော ပါးပြင်မှာ အနည်းငယ်နှင်းဆီရောင်သန်းလာသည်။ "ညီမ နေ့တိုင်း မလာပါဘူး..."

ဇူအန် ရယ်ကာပြောလိုက်သည်။ "ရှောင်ချီ ဘယ်လောက် ဂရုစိုက်သလဲဆိုတာကို အမြဲမှတ်သားထားပါ့မယ်။ အော် ဒါနဲ့ မေ့တော့မလို့။ မင်း အတွက် တစ်ခုခုရှိတယ်"
သူ၏ အတွင်းအိတ်ကပ်ထဲမှ အကောင်းစား လက်ကိုင်ပုဝါ တစ်ခုကို ထုတ်လိုက်သည်။ "ဒါက မင်းအတွက်ပဲ။ ငါတို့တွေ ဝုံပုလွေတောင်ကြားမှတုန်းက မင်းရဲ့ လက်ကိုင်ပုဝါကို ပျက်စီးစေမိတယ်လေ။ နောက်တော့ ငါလည်း မေ့နေခဲ့တာ။ အဆုံးမှာတော့ မင်းကို တစ်ခုပေးဖို့ အခွင့်အရေးရခဲ့ပြီ။ ကြည့်ပါဦး။ မင်း ကြိုက်လား။ မကြိုက်ရင် နောက်တစ်ပုံစံ ဝယ်ပေးမယ်"

"အဆင်ပြေပါတယ်။ ဒီတစ်ခုလည်း လှပါတယ်" ကျီရှောင်ချီ၏ သေးသွယ်သော လက်ချောင်းလေးများက သေသပ်သောလက်ကိုင်ပုဝါပေါ်တွင် ရွေ့လျားသွားကာ ၎င်း၏ အရည်အသွေးကို သဘောကျနေသည်။ "ဟင်… ဒီလက်ကိုင်ပုဝါ ထဲမှာ ရွှေချည်မျှင်တွေနဲ့ ပန်းထိုးထားပါလား။ ဒါက အတော်လေး စျေးကြီးမှာပဲ"

"အဲ့လောက်လည်း မကြီးပါဘူး။ ဒီအစ်ကိုကြီးက ချမ်းသာပါတယ်" ဇူအန် ရင်ဘတ်ပုတ်ပြလိုက်သည်။ "ဒီလို လက်ကိုင်ပုဝါ မျိုးကပဲ မင်းနဲ့ လိုက်ဖက်တယ်"

ကျီရှောင်ချီ ရှက်သွေးဖြာသွားသည်။ "အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်" သူမ ချိုသာစွာ ပြောလိုက်သည်။

"စကားမစပ် ဒီဆေးပုလင်းကို စစ်ဆေးကြည့်ပေးလို့ရမလား။ အဲ့ဒါကို ဘာအတွက်သုံးသလဲဆိုတာကို ငါ မသိဘူး" ဇူအန်က ချန်ရွှမ်း သယ်ဆောင်လာသော ပုလင်းကို ပေးလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Место, где живут истории. Откройте их для себя