252

255 39 1
                                    

Chapter 252: ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်

ဇူအန်၏ တီးခတ်သံက ပလွေ၏ သံစဉ်နှင့် ဖြေးညင်းစွာ ပေါင်းကူးသွားကာ ဝမ်းနည်းဖွယ် သံစဉ်တစ်ခု ကို ပုံပေါ်လာစေသည်။ သို့သော်လည်း ရှို့ဟုန်လေ ၏ ပလွေ တီးမှုတ်မှုမှာ သူမ၏ ဗျတ်စောင်း ပညာလောက် မကျွင်းကျင်ပေ။

ချီရှို့ က သူ၏ တွေဝေမှုကို ဖုံးဖိမထားနိုင်ခဲ့ပေ။ “ဒါသိပ်မမှန်သေးဘူး။ ရှို့ဟုန်လေ ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ရဲ့ ပလွေတီးမှုတ်မှုက သူ့ရဲ့ ဗျတ်စောင်းတီးခတ်မှုထက် မနိမ့်သင့်ဘူး။ ဘာဖြစ်လို့ သူ့ရဲ့ တီးမှုတ်မှုက အရမ်း...အရမ်း သာမန်ဖြစ်နေရတာလဲ”
သူကြားနေရသောအရာကို အယဉ်ကျေးဆုံး နည်းဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်။ ရှို့ဟုန်လေ ၏ တီးမှုတ်မှုသည် သာယာချောမွေ့ဟန် ကင်းမဲ့နေကာ တစ်ချို့သော အသက်ရှုသံများမှာ သူ့အဖို့တောင် ကြားရဆိုးနေသည်။ အကယ်၍ ထိုနေရာတွင် အခြားသူတစ်ဦးဖြစ်ပါက စင်ပေါ်မှ သူတို့ မောင်းချလိုက်ကြမည်ဖြစ်သည်။

ချီဒေါင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ “သူက ဒီသီချင်းနဲ့ လုံး၀မရင်းနှီးလို့ဖြစ်ရမယ်”
သူမ ငြိမ်သက်စွာ ကြည့်ရှု့နေပြီး သူမ၏ အကဲဖြတ်မှုကို ဆက်မလုပ်တော့ပေ။ ပညာရှင်တစ်ယောက်က ဒီလောက်အထိ ဆိုးရွားစရာ မရှိဘူးမဟုတ်လား။

“ရွှီ…”
ထိုစူးရှ၍ မှားယွင်းသော သံစဉ် ဖြင့် ရှို့ဟုန်လေက နောက်ဆုံးတွင် လက်လျော့လိုက်သည်။ ပလွေ ကို သူမ၏ နီရဲနေသောမျက်နှာဖြင့် နှိမ့်ချလိုက်သည်။ ထိုသီချင်းကို သူမ အမှန်တကယ် မတီးမှုတ်နိုင်သည်မှာ အလွန်ရှက်ဖွယ်ကောင်းနေသည်။

သို့သော်လည်း သူမ၏ ကျွမ်းကျင်မှုကို မည်သူမှ သံသယမဝင်ကြပေ။ သူတို့အားလုံးက သူမကို အလျှင်အမြန် နှစ်သိမ့်လိုက်ကြသည်။

“အဲ့ဒါကို မိန်းကလေး ရှို့ လို ဆရာတစ်ဆူတောင် မတီးမှုတ်နိုင်ရင် ဒီသီချင်းက လျှောက်ပြီးတော့ ပေါင်းထည့်ထားတာပဲ ဖြစ်ရမယ်”

“ဟုတ်တာပေါ့။ ကောင်စုတ်လေး။ မင်းဟာမင်း ဘယ်လို တီးခတ်ရမလဲဆိုတာ မသိရင် မင်းနဲ့အတူ ရှို့မိန်းကလေး ကို ဆွဲမချနဲ့”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now