364

155 20 1
                                    

Chapter 364: မကောင်းတာတစ်ခုတော့ ဖြစ်လာပြီ

"ဒါဆိုလည်း.." အစိမ်းရောင်ဝတ်လူက တွေဝေသွားပြီးမှ
"ကျုပ်က ချူအိမ်ကို ချုပ်ကိုင်နိုင်လိုက်ရင်တောင် ချူကျုန်းထန် အပြင်ထွက်လာတာနဲ့ ကျုပ်ဘာမှ တတ်နိုင်မှာမဟုတ်ဘူး"

ချူကျုန်းထန်က အင်အားကြီးသော အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်ပင်ဖြစ်သည်။ အကောက်ကြံမှုများနှင့် လှည့်ကွက်များက အင်အားရှေ့တွင် အလကားပင်။

"အဲ့တာကို မင်းစိတ်ပူစရာမလိုပါဘူး" ဆန်းဟုန် ပြောလာသည်။
"မင်းချူအိမ်ကို အပြည့်အဝချုပ်ကိုင်လိုက်နိုင်တာနဲ့ ချူကျုန်းထန် ပြန်ထွက်စရာ မလိုတော့ဘူး"

အစိမ်းရောင်ဝတ်လူက အံ့သြသွားသည်။
"အုပ်ချုပ်ရေးမှူးက တကယ်ပဲ အဲ့လို.."

ဆန်းဟုန် ဆက်မပြောရန် တားလိုက်ပြီး
"မင်းကို ငါအခွင့်အရေး ပေးပြီးသွားပြီ။ မင်းဆုပ်ကိုင်နိုင်လားဆိုတာက မင်းအပေါ် မူတည်တယ်"

အစိမ်းရောင်ဝတ်လူ၏ မျက်လုံးထဲတွင် ပျော်ရွှင်ရိပ်များ ဖြတ်သန်းသွားသည်။
"ကောင်းပြီလေ လုပ်ကြတာပေါ့"

ဆန်းဟုန် ပြတင်းပေါက်နားသွားလိုက်ပြီး ချူအိမ်ရှိရာကို ကြည့်လိုက်သည်။
"ချူအိမ်က မှောင်ခိုစျေးကွက်နဲ့ ဘာမှမဆိုင်တာ မင်းသေချာလား။ " လေးနက်သော လေသံဖြင့် မေးလာသည်။

ထိုသူက ခေါင်းယမ်းပြလိုက်ပြီး
"နှစ်တွေအများကြီး သူတို့ကြားက အဆက်အသွယ်ကို တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားလည်း သိတဲ့အတိုင်း ချူကျုန်းထန်က အမျိုးမြတ်ပြီး အကျင့်သိက္ခာကြီးတဲ့လူတစ်ယောက်လေ။ အဲ့လို မရိုးမသားလုပ်ငန်းတွေအနား သူမသီဘူး။ ဒါပေါ့ အရာအားလုံးက အတုတွေဖြစ်ပြီး လျှို့ဝှက်ဆက်သွယ်နေတာဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်"

"ဒါဆို ချင်ဝမ်ယွီ ဆားလက်မှတ်ကို ဘယ်လိုရလာတာလဲ" ဆန်းဟုန်မျက်လုံးတွင် ရက်စက်သောအရိပ်အငွေ့များ ပြည့်လာသည်။ ထိုအတွေးက သူ့ကို ပိုဒေါသထွက်စေသည်။ သူ့လက်ထဲက ဆားလက်မှတ်တွေက ဟိုအနက်ရောင်ဝတ်လူတွေ သူ့သားလက်ထဲက ဆွဲထုတ်သွားတဲ့ ဆားလက်မှတ်တွေနဲ့အတူတူပင်။ အုပ်စုနှစ်ခုက ဘာမှမပတ်သတ်ဘူးလို့ ယုံကြည်ရခက်သည်။
ထို့ကြောင့် ပေါ်တင်ဖြစ်စေ နောက်ကွယ်ကဖြစ်စေ ချူအိမ်ကို ရှင်းထုတ်ရမည်။ သူ့တစ်ဦးတည်းသောသားက အရေးပေါ်အခြေအနေဖြစ်နေ၍ ဒေါသပို ကြီးမားစေသည်။ အခုက သူအဆိုးဆုံးနည်းလမ်းများ ထုတ်သုံးရန် အချိန်ကျလေပြီ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now