280

228 24 1
                                    

Chapter 280: ဝေလဂိုဏ်းချုပ်

ဇူအန် အံ့သြသွားသည်။
ဒီလူက ဘာဖြစ်နေတာလဲဟ။

ချူကျုန်းထန် အမြန်တုံ့ပြန်ကာ သူတို့နှစ်ယောက်ကြားဝင်ရပ်လိုက်သည်။
"အစ်ကိုဝမ် ဒီနေရာမှာ အများကြီး အထင်လွဲနေပြီ"

"ဘာအထင်လွဲတာလဲ။ သူသာ အဲ့ဒီအပျော်မယ်ဂေဟာအစုတ်ကို ဝမ်ယွမ်လုံကို မဖိတ်ရင် ဒီလို ဒုက္ခရောက်မှာ မဟုတ်ဘူး" ဝမ်ဖူ ဒေါသတကြီး အော်လိုက်သည်။

သင်သည် ဝမ်ဖူထံမှ အမျက်ပွိုင့် ၄၄၆ ရယူလိုက်သည်။

ဇူအန် မနေနိုင်စွာ ထပြောရသည်။
"ညီအစ်ကိုဝမ်က သေသွားတာလည်း မဟုတ်ဘူး။ အဲ့လိုပြောနေတာ ခင်ဗျား နမိတ်ဖတ်နေတာနဲ့ မတူဘူးလား"

ဝမ်ဖူ နေရာတင် ပေါက်ကွဲမတတ်ပင်။
"ကောင်စုတ် မင်းဘာပြောလိုက်တာလဲ"

သင်သည် ဝမ်ဖူထံမှ အမျက်ပွိုင့် ၅၁၄ ရယူလိုက်သည်။

ချင်ဝမ်ယွီ အခြေအနေကိုမြင်သော် ဘ၀င်ကျသွားရသည်။ ပုံမှန်ဆို ဒီကောင့်ကြောင့် သူ ဒေါသထွက်ရသည်။ အခု သူနှင့်အတူ ခံစားရသူတစ်ယောက်ပေါ်လာပြီလေ။

ချူကျုန်းထန် ဝမ်ဖူကို ချော့ရန် အကောင်းဆုံးကြိုးစားလိုက်သည်။
"အစ်ကိုဝမ် အထဲမှာ အေးအေးဆေးဆေး စကားပြောရအောင်။ ဒီနေရာမှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေရင် လူရယ်စရာဖြစ်ကုန်မယ်" သူ ခါးသက်သက်ပြောလိုက်သည်။

"ဟမ့်မင်းက ဒီလိုအိမ်ပါသားမက်မျိုး ထည့်သွင်းပြီး လူရယ်စရာဖြစ်မှာကျ မကြောက်ဘူး။ ငါက ဘာကြောက်စရာရှိလို့လဲ" ဝမ်ဖူ သူ့ကို တွန်းလိုက်သည်။

ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ အကြည့်ချင်း ဖလှယ်လိုက်မိသည်။

ဇူအန်လည်း ပြောစရာမရှိတော့ပေ။
ခင်ဗျား သူများကို ရိုက်ရင်တောင် မျက်နှာကို မရိုက်သင့်ဘူးလေ။ နည်းနည်းလေး လွန်မနေဘူးလား။

သူပြန်ပြောရန် ပြင်လိုက်သော်လည်း ချူချူယန်က အလျင်စလိုမလုပ်ရန် လက်ဆွဲကာ တားလိုက်သည်။

ထိုအခါမှ ဝမ်ဖူကို ရှေ့တက်နှုတ်ဆက်လိုက်ပြီး
"ဦးလေးကို နှုတ်ဆက်ပါတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now