217

291 47 1
                                    

Chapter 217: ငါ့ခန္ဓာကိုယ်ကို မက်မောနေတာ

ကျီရှောင်ချီ ၏ စကားကို ကြားလိုက်ရသောအခါ ရှီခွန်း စိတ်မလိုမကျပေ။ “မိန်းကလေး ကျီ ရဲ့ စကားတွေက အရမ်းကို အဓိပ္ပါယ်မရှိဘူးဆိုတာ မသိဘူးလား”

ကျီရှောင်ချီ ၏ မျက်နှာ ရဲတွတ်သွားသည်။ သူမ၏ အကဲဖြတ်မှုမှာ အလွန် မသေချာသည့်ပုံပေါက်နေသည်ကို သူမသိနေသည်။ အမှန်တွင် သူမ၏ ဆေးပညာအသိက မှေးမှိန်ကြာပွင့်၏ ဆေးစွမ်းဖြင့် လူတစ်ယောက်၏ ကီသွေးကြောများကို ပြန်ဆက်ရန် မဖြစ်နိုင်ဟု ပြောပြနေသည်။ သို့သော်လည်း ဇူအန်ကို ကူညီရန်အတွက် လက်ရှိအနေအထားကို ဖြစ်နိုင်သည်ဟု ရွေးချယ်လိုက်သည်။

သူမ ပြန်မတုန့်ပြန်ခင်မှာပင် ကျန်းလော့ဖူ ပြောလိုက်သည်။ “ဒီနေရာမှာ သူ့အလုပ် သူလုပ်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပေးနေတာပဲ။ ဒါကြောင့် သူ့ရဲ့ စကားတွေက အဓိပ္ပါယ်မရှိဘူးလို့ ဘာဖြစ်လို့ ပြောရတာလဲ”

ကျန်းလော့ဖူသည် ကျီရှောင်ချီ ၏ ဒေါ်လေးဖြစ်သည်ကို ရှီခွန်း နောက်ကျမှ သတိရလိုက်သဖြင့် အနည်းငယ် တွန့်ဆုတ်သွားသည်။ ကျီရှောင်ချီက ဇူအန် အဖို့ ပြောပေးနေသည်ကို မြင်ရသောအခါ သူ အလွန်စိတ်လောသွားသဖြင့် သူတို့၏ ပတ်သက်မှုကို မေ့သွားခဲ့သည်။ ထို့ကြောင့် အလျှင်အမြန်တောင်းပန်လိုက်သည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ။ စကားပြောမှားသွားတယ်”

“နင်တို့နှစ်ယောက်က ကိုယ်ပိုင်ထွက်ဆိုချက်တွေ ပြောတာပဲ။ ပြီးတော့ တိကျခိုင်မာတဲ့ သက်သေ နဲ့ မျက်မြင်သက်သေ လည်း မရှိဘူးတော့ ဘယ်သူ မှန်တယ် မှားတယ်ဆိုတာကို ခွဲမရဘူး။ ဒါကြောင့် အကယ်ဒမီက ဒီကိစ္စကို အသေးစိတ်စုံစမ်းမယ်။ အထူးသဖြင့် မြေအောက်ဂူထဲမှာ သေခဲ့ရတဲ့ လူတွေရဲ့ အကြောင်းအရင်း ၊ သူတို့ရဲ့ နောက်ခံနဲ့ ဘယ်သူနဲ့ ပတ်သက်သလဲဆိုတာတွေကို ပေါ့။ မကြာခင် အမှန်တရားထွက်ပေါ်လာမယ်ဆိုတာ ငါ ယုံကြည်တယ်” ကျန်းလော့ဖူ လေးနက်စွာပြောလိုက်သည်။

ထိုစကားကိုပြောလိုက်ကာ သူမ၏ အကြည့်က ရှီခွန်းဆီတွင် အချိန်တခဏ အဓိပ္ပါယ်ရှိစွာ ရစ်ဝဲနေသည်။
ရှီခွန်း နှလုံးခုန်မြန်သွားသည်။ သို့သော် သူ၏မျက်လုံးများကို တည်စေကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်ရဲ့ နစ်နာမှုကို မျှတမှုရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကျန်း”

ကီးဘုတ်အင်မော်တယ်-ဇူအန်Kde žijí příběhy. Začni objevovat