329

176 21 0
                                    

Chapter 329: ဖားပြုတ်တစ်ကောင်တောင် ငန်းသားကိုတမ်းတတယ်

ဇူအန်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒါဆို ဒီကောင်က ငါ့ကို ရယ်စရာဖြစ်စေချင်လို့ ပြောနေတာပေါ့။
ဒါပေမဲ့လည်း မင်းက အားဇူကို ဘယ်သူထင်နေလဲ။ လုပ်စမ်းပါ ဘယ်သူက ကြောက်နေလို့လဲ။

"ကျုပ်က မိန်းမလှတွေရှေ့မှာ ဂုဏ်ဆာရတာ ကြိုက်တဲ့သူပဲ ။ ဘာလို့ ငြင်းရမှာလဲ"
ဇူအန် ပြုံးကာ ရှို့ဟုန်လေ၊ ချီဒေါင်ရင်း နှင့် ကျန်းတန်ကို ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ယွမ်လုံ အမူအရာ ထူးဆန်းသွားသည်။
ဒီလူက ဘာလုပ်နေတာလဲ။ တစ်ခြားလူတွေက မိန်းမလှတစ်ယောက်ကိုပဲ သီးသန့် အာရုံစိုက်မိကြတာ။ သူကဘာလို့ သုံးယောက်လုံးကို ချိန်နေရတာလဲ။ ပြီးတော့ ဒါကလည်း ထူးဆန်းတဲ့ပုံစံ မပေါ်ဘူး။ သူက ဘယ်လိုများ ဒီလို လုပ်နိုင်ရတာလဲ။

ဆန်းရှန် ပိုပြီးပင် မကျေမနပ်ဖြစ်လာရသည်။ ဇူအန် က သူ့သတို့သမီးလောင်းကိုကြည့်လိုက်တိုင်း ဘာမှမလုပ်မှန်း သိရင်တောင် ဆန်းရှန် အကြီးအကျယ် မနာလိုဖြစ်ဖြစ်ရသည်။

သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။

ထိုအချိန်မှ ဇူအန်သူ့ကို စိုက်ကြည့်ကာ
"တပ်မှူးဆန်းက ကျုပ်ကိုဘယ်လို အစွမ်းပြစေချင်တာလဲ။ ကျုပ်တို့နှစ်ယောက် စာပုဒ်ဆက်တမ်း ကစားကြမလို့လား"

ဆန်းရှန် ချက်ချင်း လက်ကာပြကာ ပြောလိုက်သည်။
"အဲ့တာက မလိုပါဘူး။ ကျုပ်တို့က စာပေရေးရာပြောနေတာဆိုတော့ ကဗျာပါမှ ရမယ်။ အစ်ကိုဇူ တစ်ပိုဒ်နှစ်ပိုဒ်လောက် ဆက်ပြပေါ့"

လာနောက်နေတာလား။ ကြယ်မီးက ပါရမီရှင် ရှုချင်ဆောင်တောင် မင်းကိုရှုံးသွားတာလေ။ ငါကဘာလို့ မင်းနဲ့ စာပုဒ်ဆက်ရမလဲ။
ရှုချင်းစုန်က ဇူအန်ကို အရုပ်ဆိုးရန် ပြဿနာရှာလိုက်သော်လည်း သူ့ဘာသာသူ ဒုက္ခရောက်သွားရသည်။

"ကဗျာလား"ဇူအန်မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာသည်။
"ကျုပ်နဲ့ ကဗျာမှာ ပြိုင်ချင်တာ သေချာလား"

လာလှိမ့်နေတာလား။ လိုင်းပေါ်ရန်ဖြစ်ရင် လှမ်းဆွဲစရာ ကိုးကားစရာ ရှေးကဗျာပေါင်းစုံနဲ့ မျိုးဆက်ပေါင်းစုံက ကဗျာတွေ ငါအလွတ်ကျက်ထားတာလေ။ ငါနဲ့ ကဗျာမှာ ပြိုင်ချင်ရင်တော့...
တစ်ခြား ဝိညာဉ်ကူးပြောင်းသူအားလုံးက ရှေးကဗျားတွေကို လှမ်းဆွဲပြီး ထိပ်ဆုံးကိုရောက်သွားကြတာချည်းပဲ။ ဒီနေ့ ငါ့အလှည့်ရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now