398

175 22 2
                                    

Chapter 398: ကျုပ်အတွက်ရော

" ရှောင်ချီ ငါတို့သွားမယ်" ကျီတန်ထု ၏ အလိုမကျသောအသံ လွှမ်းမိုးသွားသည်။ သူ၏ သမီးဖြစ်သူ က ဇူအန် နှင့် အနီးကပ်စကားပြောခြင်းကို မနှစ်သက်သည်မှာ ရှင်းနေသည်။
ကျီရှောင်ချီ က သူမအဖေကို လျှာထုတ်ပြလိုက်ပြီး ဇူအန်ကို တောင်းပန်ပြုံး ပြုံးပြလိုက်သည်။ ထို့နောက် သူမ အဖေရှိရာသို့ ပြေးသွားလိုက်သည်။

ဇူအန်က ကျီတန်ထု ကို မကျေမနပ်ကြည့်လိုက်သည်။ ဟွန်း။ ခင်ဗျားကို ဇာတ်သွင်းတဲ့ ဇာတ်လမ်းတွေချည်းပဲ ပေးမယ်။ စိတ်ထဲမှာ အရိပ်ကြီးကြီးလွှမ်းသွားစေရမယ်။
အင်း။ ရှောင်ချီက အတော်လေး ချစ်ဖို့ကောင်းတယ်။ အမြဲတမ်း သူအဲ့ဒီလို ချစ်စရာကောင်းနေမလား။
သူ့ရဲ့ အမေ မျိုးရိုးက အတော်လေး သန်မာပုံရတယ်။ မဟုတ်ရင် အဲ့ဒီ ရုပ်ဆိုးကျီတန်ထု က ဒီလောက်လှတဲ့ သမီးမျိုး မွေးနိုင်မှာမဟုတ်ဘူး။

ဇူအန် အကြိမ်အနည်းငယ် သမ်းလိုက်သည်။ ဤရက်များတွင် တစ်နေကုန် ပြေးလွှားနေခဲ့ရသဖြင့် ကောင်းမွန်စွာ အနားမယူခဲ့ရပေ။ သူ့အခန်းသို့ ပြန်ကာ အိပ်လိုက်သည်။

...

တစ်ညတာမှာ ငြိမ်းချမ်းစွာ ကုန်လွန်သွားခဲ့သည်။ နောက်တစ်နေ့ မနက်ခင်း မနက်စာစားချိန်တွင် ချင်ဝမ်ယွီက ဇူအန်ကို ညင်သာသော အသံဖြင့်ပြောလိုက်သည်။ "အားဇူ နင် အကယ်ဒမီကို သွားပြီးတော့ ကျောင်းအုပ်ကျန်းကို သွားကျေးဇူးတင်သင့်တယ်။ နင် အဖမ်းခံရတယ်ဆိုလို့ သူမက နေရာတိုင်းမှာ လိုက်ရှာနေခဲ့တယ်"

ချူဟွမ်ကျောက် တွေဝေသွားသည်။ "အမေ ဘာဖြစ်လို့ ရုတ်တရက်ကြီး အရမ်း သဘောကောင်းနေရတာလဲ"

" ရုတ်တရက် ဆိုတာ ဘာကိုပြောတာလဲ။ ငါက အမြဲသဘောကောင်းတယ် ဟုတ်ပြီလား" ချင်ဝမ်ယွီ မျက်မှောင်ကျုံ့လိုက်သည်။

ချူဟွမ်ကျောက် ၏ မျက်နှာပေါ်တွင် အံသြမှုတစ်ခု ဖြစ်ပေါ် သွားသည်။ "ဘာဖြစ်လို့ အမေမျက်နှာက နီရဲနေတာလဲ"

ချင်ဝမ်ယွီ ထိတ်လန့်သွားသည်။ သူမ ပါးပြင်ကို ပွတ်လိုက်သည်။ ၎င်းတို့မှာ အမှန်တကယ်ကို အနည်းငယ်နွေးနေသည်။ သူမ ရှက်လာပြီး စိတ်ရှုပ်လာသည်။ "ကောင်မလေး နင် အရိုက်ခံချင်နေတာလား"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now