242

252 36 0
                                    

Chapter 242: ကူသင့်လား မကူရဘူးလား

ဇူအန် လန့်ဖြန့်၍ ထခုန်မိသွားသည်။
အင်မော်တယ်ဗိမ္မာန်ထဲမှာ ဘယ်သူက ဒီလို လုပ်တာလဲဟ။

အင်မော်တယ် ဗိမ္မာန် က အပျော်မယ်ဂေဟာတစ်ခုသာဖြစ်သော်လည်း ဒီလောက်ကြီးသော လုပ်ငန်းတစ်ခုတွင် နောက်ခံမရှိစရာ အကြောင်းမရှိပေ။
လန့်သွားတာ သူတစ်ယောက်တည်း မဟုတ်ပေ။ အကုန်လုံး အသံလာရာ လှည့်ကြည့်လိုက်ကြသည်။ အင်မော်တယ် ဗိမ္မာန် ရဲ့ ဒီလို အရေးကြီးတဲ့နေ့မှာ ဘယ်သူပြဿနာရှာရဲလဲ လူတိုင်း သိချင်သည်။

သူတို့အကြည့်က ဓားကိုင်ထားသော ခပ်ထွားထွား လူတစ်ယောက်ထံ ရောက်သွားကြသည်။ ခြေထောက်တစ်ဖက်ကို ထိုင်ခုံပေါ်တင်ထားပြီး ဓားကတော့ စားပွဲကို စိုက်နေသည်။ ထိုနေရာတွင် ထိုင်နေသော သခင်လေးများက သူ့ကို ရန်စမိသည့်အလား ဒေါသတကြီးစိုက်ကြည့်နေသည်။
ပိုပြီး ပေါ်လွင်စေတာက သူကို ကြမ်းတမ်းပြီး အင်အားကောင်းတဲ့ပုံစံပေါက်စေသော ဆံပင်အနီရောင်ပင်။

ဇူအန် နှာမှုတ်လိုက်သည်။
မင်းဆံပင်က ပွစိရိုက်နေပြီး ခေါက်ဆွဲခြောက်ကျနေတာပဲ။ လူဘယ်နှစ်ယောက်က ဒီလိုရုပ်မျိုး လုပ်နိုင်လို့လဲ။ မင်းကိုယ်မင်း ဓါးပျံရှောင်လီလို့ထင်နေလား။
ဒီလောကကိုရောက်တည်းက ဆံပင်အနီရောင်ရှိသောသူကို ပထမဆုံးမြင်ဖူးခြင်းပင်။
အစိမ်းရောင်ဆံပင်လည်း ရှိလောက်လား။

“ဖြန်း”

ဇူအန် အတွေးလွင့်နေတုန်း ထိုင်ခုံမှ သခင်လေးတစ်ယောက်က စားပွဲကို လက်ဝါးဖြင့်ရိုက်ပြီး ထိုလူကို ပြန်ရင်ဆိုင်လိုက်သည်။
"မင်းလုပ်ရဲတယ်လား။ ဒီနေရာမှာ ဘယ်သူထိုင်နေတာလဲ မင်းသိလို့လား"

"အို..ပြောပြစမ်းပါဦး" အနီရောင်ဆံပင်နဲ့ လူရမ်းကားက ထိုင်ခုံတစ်ခုကို အကြမ်းပတမ်းဆွဲယူပြီး ကြမ်းပြင်ပေါ် လှဲချလိုက်သည်။

ထရပ်လိုက်သော သခင်လေးက ထို့လူ၏ နောက်လိုက်များကို မြင်သော် ရုတ်တရက် စိတ်ပူပန်သွားသည်။ သို့သော် သူ့ကိုယ်သူ ဒီနေရာက လပြည့်မြို့၏ အင်မော်တယ် ဗိမ္မာန် ဟု ပြန်သတိပေးလိုက်မှ နည်းနည်းစိတ်အေးသွားရသည်။ သူက စားပွဲထိပ်တွင် ထိုင်နေသည့် ဝတ်ကောင်းစားလှနှင့်လူကို ညွှန်ပြ၍ ပြောလိုက်သည်။
"ဒါက ဝမ်အိမ်ရဲ့ သခင်လေး ဝမ်ယွမ်လုံပဲ။ မင်း လပြည့်မြို့ရဲ့ အိမ်တော်လေးခု ချူ၊ယွမ်၊ကျန်း၊ဝမ် ဆိုတာ ကြားဖူးရဲ့လား"

ကီးဘုတ်အင်မော်တယ်-ဇူအန်Nơi câu chuyện tồn tại. Hãy khám phá bây giờ