276

234 26 0
                                    

Chapter 276: အချိန်ဆွဲခံရခြင်း

မြစ်ကမ်းစောင့်တပ် က မြစ်ရေလျှံခြင်းအတွက် ကာကွယ်တားဆီးမှုများ ကြိုတင်ဆောင်ရွက် ပြုလုပ်ထားပြီးသားဖြစ်သည်။ အကယ်၍ မြစ်ရေလျှံပါက တာရိုးကို ပြုပြင်ရန်အတွက် လူ လုပ်အား ပမာဏ အများအပြား အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ဖို့အတွက်လည်း တူးမြောင်းများ တူးပေးရန် လိုအပ်သေးသည်။

နောက်ဆုံးတွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့် မြစ်ကမ်းစောင့်တပ်က မြစ်တစ်လျှောက် ဘေးကင်းလုံခြုံရေး တာဝန်ကို ပြန်လည် ထမ်းဆောင်ကြရသည်။ အနီးနားပတ်ဝန်းကျင်ရှိ တောရိုင်းတိရစ္ဆာန် တစ်ချို့ကို ရှင်းလင်းခြင်းကိုလည်း တာဝန်ယူကြရသည်။

လပြည့်မြို့၏ ကြီးပွားချမ်းသာခြင်းမှာ ဆားလုပ်ငန်းကြောင့်ဖြစ်သည်။ အကျိုးအမြတ် အလားအလာကောင်းများရှိနေသော်လည်း ဆားမှောင်ခိုမှာ ပြဿနာတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် မှောင်ခိုသမားများအား ဖိနှိပ်ရခြင်း အလုပ်ကိုလည်း မြစ်ကမ်းစောင့်တပ်က တာ၀န်ယူခဲ့ရသည်။ အချိန်ကြာလာသောအခါ သူတို့ကို လူအများက မြစ်ကမ်းစောင့်ရဲမက်များ ဟု ခေါ်ဝေါ်လာကြသည်။

မြစ်ကမ်းစောင့်တပ် ရုံးခန်းအတွင်းရှိ လျှို့ဝှက်အခန်း တစ်ခု အတွင်းတွင် ဗိုလ်မှူးဆန်းရှန် က လူကြီးတစ်ယောက်ကို တရိုတသေ ဦးညွတ်လိုက်သည်။ “အဖေ့ရဲ့ အကွက် က တကယ်ကို ကောင်းတာပဲ။ ၀မ်ကလန် နဲ့ ချူကလန် တို့ကို အားစိုက်စရာမလိုဘဲ ကွဲစေခဲ့တယ်”

ဆန်းဟုန် က မုတ်ဆိတ်ကို အသာအယာ သပ်လိုက်သည်။ သူ၏ အမူအရာတွင် ပျော်ရွှင်မှု သိပ်မပါဝင်ပေ။ “အဲ့ဒါက ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းမှာလဲ။ အကယ်၍ ဒီအရာအတွက်ကြောင့်နဲ့ မိသားစုနှစ်ခု အချင်းများဖို့ လုံလောက်တယ်ဆိုရင် ချူကျုံးထန်ကို ငါ တကယ်ပဲ အထင်သေးမိမှာပဲ”

“ချူကျုန်းထန် က ကိစ္စတွေ ပြောင်းလဲနိုင်သေးတယ်ဆိုတာ ဖြစ်နိုင်လို့လား” ဆန်းရှန် မေးလိုက်သည်။

“သူက အဖြေအချို့ကို သေချာပေါက်ကို တွေးမိမှာပဲ။ ဒါပေမယ့် အဲ့ဒါ ကိစ္စမရှိပါဘူးလေ” ဆန်းဟုန် ခပ်ဖော့ဖော့ ရယ်လိုက်သည်။ “ဒီ ခွင့်ပြုမိန့်က အစပဲရှိသေးတယ်။ သူ့ကို စောင့်နေတဲ့ လှည့်ကွက် တွေ တစ်ပုံကြီး ရှိသေးတယ်။ သူတို့ရဲ့ အရေးပါတဲ့ မဟာမိတ်ကို အရင်ဆုံး ဖြတ်တောက်ပစ်ရမယ်။ ပြီးမှ သီးခြားဖြစ်နေတဲ့ ချူကလန်ကို ကိုင်ကွယ်ဖြေရှင်းရမယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now