265

241 38 0
                                    

Chapter 265: လက်ပူးလက်ကြပ်

"ငါ့ဆရာ…ဟုတ်လား" ဇူအန် အံ့သြသွားသည်။
"မင်းဘယ်က ဆရာကို ပြောနေတာလဲ"

ကျန်းတန်ပြုံး၍ ပြောလာသည်။
"ရှင့်ပါးစပ်က အတော်လေး နှုတ်လုံတာပဲ။ ဒီလောက်ကောင်းတဲ့ ခြေလှမ်းသိုင်းတစ်ခုက ဘွားခနဲပေါ်လာတာ မဖြစ်နိုင်ဘူးမဟုတ်လား"

ဇူအန် အသာရယ်ပြီး
"ငါက ပါရမီရှင်ထဲက ပါရမီရှင်လေ.ဒါပေါ့ ငါ့ဘာသာ တီထွင်ထားတာပေါ့။ ကျန်းမိန်းကလေးက ငါ့ဆီက သတင်းနှိုက်ဖို့ ကြံနေတာလား။ ကြည့်ရတာ ဒီနယ်ပယ်မှာ မင်းနည်းနည်းလိုနေသေးတယ်ထင်တယ်"

"မပြောချင်ရင်လည်း ထားလိုက်တော့" ကျန်းတန် စူပုတ်ကာ
"ကျွန်မက ရှင့်လုံခြုံရေးကို စိတ်ပူလို့ပါ။ ဒါတောင် ကျွန်မကို သံသယဝင်နေသေးသတယ်။"

ဇူအန် သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍
"ငါ့မှတ်ဉာဏ်မမှားရင် ကျန်းမိန်းကလေးက စေ့စပ်ထားတာနော်။ ငါ့ကို ရုတ်တရက်ကြီး လာတွေ့တော့ မင်းကို သံသယမဝင်ဘဲ ဘယ်နေမလဲ"

ကျန်းတန် သက်ပြင်းချလိုက်သည်။
"ကျွန်မထင်သလိုပဲ..လူတိုင်းက ဒီလိုထင်နေကြတာ..ရှင်လည်း..သူတို့လိုပဲ"

ကျန်းတန် အဝေးကို ငေးကြည့်ရင်း ဇူအန် အနားမှ ရှောင်ထွက်သွားလိုက်သည်။
"ကျွန်မနဲ့ ဆန်းအိမ်ရဲ့ လက်ထပ်ပွဲက ကျွန်မအဖေက စီစဉ်ထားတာ။ ကျွန်မတို့အိမ်က လပြည့်မြို့က အိမ်တော်လေးခုထဲက တစ်ခုလို့ပြောပေမဲ့ သာမန်ကုန်သည်အိမ်တော်တစ်ခုနဲ့ မကွာပါဘူး။ ကျွန်မတို့က နောက်ခံရှိတဲ့ ထိပ်တန်းအိမ်တော်တွေနဲ့ ယှဉ်လို့ကို မရဘူး…အဲ့တာကြောင့် ဆန်းအိမ်က ကန်းလှမ်းချက်ကို ကြားတာနဲ့ အိမ်တော်က လူကြီးတွေက အပျော်လွန်ပြီး တန်းလက်ခံလိုက်တာ"
"ဆန်းအိမ်က နောက်ကြောင်းအကြီးကြီး မရှိပေမဲ့ သူတို့က မြို့တော်မှာ နာမည်ကြီးပဲလေ။ ပြီးတော့ ဆန်းဟုန်ကလည်း ဧကရာဇ်ရဲ့ ယုံကြည်ရတဲ့ အမတ်တစ်ဦး။ နောက်တစ်နှစ်၊နှစ်နှစ်နေရင် သူတို့က ထိပ်တန်းအိမ်တော်ဖြစ်လာတော့မှာ။ ကျွန်မတို့အိမ်တော်နဲ့ လက်ထပ်ဖို့ကမ်းလှမ်းရတဲ့ အကြောင်းအရင်းက သူတို့ဒီအချိန်မှာ တိုးတက်ဖို့ လိုနေလို့။ ကျန်းအိမ်ရဲ့ အကြီးအကဲတွေက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို အဆုံးခံမှာလဲ"
"ဒါပေမဲ့.ဘာလို့ ကျွန်မရဲ့ဆန္ဒကို ဘယ်သူမှ မမေးကြတာလဲ။ အဲ့ဒီလူကို ကျွန်မသဘောကျလား လက်ထပ်ချင်လားလို့ ဘယ်သူမှ မမေးကြတာလဲ"
ပြောရင်း မျက်ရည်များ ရစ်ဝဲလာသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now