312

179 27 0
                                    

Chapter 312: နဂါးအမြုတေ

ဒီအတွက် ဇူအန် အသင့်ဖြစ်နေပြီဖြစ်သည်။ အသာအယာခုန်လိုက်ပြီး သူ၏ အရိပ်မှာ ဖျတ်ခနဲ ပျံသန်းသွားသည်။
အခုနက သူ မတ်တပ်ရပ်နေခဲ့သော ကျောက်တုံးကြီးမှာ မီးလျှံအပူရှိန်ကြောင့် ချက်ချင်း ပြာကျသွားသည်။ ဇူအန် တံတွေးမျိုချ မိလိုက်သည်။ သူလည် ထိုမီးလျှံများ ဖမ်းယူခြင်းခံလိုက်ရပါက တူညီသော ကံကြမ္မာ ကြုံရမည်ဖြစ်သည်။

စဉ်းစားချိန်မရခင်မှာပဲ နဂါးက နောက်တစ်ကြိမ် မီးမှုတ်ထုတ်လိုက်သည်။
ဇူအန်က နေကြာပန်းသိုင်း ကို သုံးကာ အမြန်ရှောင်ရှားလိုက်သည်။ ရှောင်တိမ်းလိုက်နိုင်တောင်မှ သူ၏ ဆံပင်အချို့မှာ အပူရှိန်ကြောင့် ကွေးသွားကြရသည်။ မီးလောင် ညှော်နံ့ တစ်ခုတောင် ရှိနေသည်။

ကျန်းတန် မီးအဟပ်ခံရမည်ကို စိုးရိမ်သောကြောင့် နှင်းပန်းဓါးသိုင်းကို အမြန်သုံးကာ သူ၏ ပတ်ဝန်းကျင်တွင် အအေးဓာတ် အလွှာတစ်ခု ဖုံးအုပ်စေလိုက်သည်။ အအေးဓာတ်က သူတို့၏ အပူဒဏ် အများစုကို ကူညီ ဖြေဖျောက်ပေးခဲ့သည်။

ကြက်သွေးရောင် နဂါး က မီးတောက်မီးလျှံများ ပိုမှုတ်ထုတ်လိုက်သည်။ သို့သော်လည်း သူ၏ ပစ်မှတ်မှာ ကံကောင်းစွာ အမြဲရှောင်တိမ်းနိုင်ခဲ့သည်။ ဤလုပ်ရပ်မှာ အချည်းအနှီးသာ ဖြစ်သည်ကို တဖြည်းဖြည်း သတိပြုမိလာသည်။ သူ၏ အဝေးရောက် တိုက်ခိုက်မှုများကို လက်လျော့လိုက်သည်။ ဖျတ်ခနဲ ဖြင့် သူ၏ ဧရာမခန္ဓာကိုယ်မှာ ပျောက်သွားပြီး ဇူအန်ဆီသို့ တဟုန်ထိုးလာနေသည်။

“အားဇူ ဒီကနေ ထွက်သွားတော့” ကျန်းတန် ပျာပျာယာယာ ပြောလိုက်သည်။ “ကျွန်မကို ဆက် ဂရုစိုက်မနေနဲ့တော့”
ယခုအချိန်သည် သူ၏ နေရာခုန်ကူးခြင်း နှင့်ဆင်တူသော ပညာကို သုံး၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခုဖြစ်သည်။ သူမက ဤဧရာမသတ္တဝါကြီးကို အကောင်းဆုံးကြိုးစားကာ အချိန်ဆွဲပေးထားမည်ဖြစ်သည်။
သူမကိုယ်သူမ စတေးခံရန် စိတ်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူမ၏ အသက်၊ သူမ၏ ဖြူစင်မှု ဖြစ်စေ ကိစ္စမရှိတော့ပေ။

ဇူအန် ပြုံးကာ ပြောလိုက်သည်။ “ငါ့ကိုယ်ငါ သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်လို့မရပေမယ့် ဘယ်တော့မှ သူငယ်ချင်းတွေကို စွန့်ပစ်ထားခဲ့မှာမဟုတ်ဘူး”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now